ကမ္ဘာကြီးပေါ်မှာ ဘယ်သူကိုမှ ဝင်ခွင့်မပြုထားတဲ့ နေရာတွေ ရှိပါတယ်....ဒါပေမဲ့အများအားဖြင့်တော့ အဲ့နေရာတွေ ကမ္ဘာပေါ်မှာ ရှိလိုရှိမှန်းတောင် မသိပါဘူး။ တချို့နေရာတွေဆို သမ္မတတွေတောင် မသိပါဘူး.....လျှို့ဝှက်နက်နဲတဲ့နေရာတွေပေါ့။ အခုဆိုရင်တော့ဖြင့် ကမ္ဘာပေါ်က ထိပ်တန်းဝင်တဲ့ နေရာတချို့ကို သိရှိနိုင်ပါပြီ။ တချို့နေရာတွေက တောင်လောက်ရှိပေမဲ့လဲ လူတွေတောင်မသိကြပါဘူး။ အဲ့လိုပဲ ထင်ထင်ရှားရှားပြထားရင် လူတွေမရိပ်မိကြတာ သဘာဝပါပဲ။ 

လူအများသိတဲ့ James Bond ရဲ့ Bunker ဟာဆိုရင် အပြင်မှာတကယ်ရှိပါတယ်။အဲ့အဆောက်အအုံကို ၁၉၅၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲ့စခန်းကြီးကိုတော့ ခုချိန်မှာ Britain နဲ့ America တို့ရဲ့ အချက်အလက်တွေအကုန်လုံးကို သိုလှောင်ဖို့ထားရှိထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာရေးပညာရှင် Dr Steve Schofield က drone attacks မှာပါဝင်ပတ်သတ်တယ်လို့ ပြောခဲ့ပေမဲ့ အတည်မပြုခဲ့ပါဘူး။ ဒါပေမဲ့ခုချိန်မှာ အဲ့နေရာကြီးကို လုံးဝအကာအကွယ်ပြုလိုက်ပါပြီ။  

အကယ်၍များ The Day After Tomorrow လိုမျိုးအပြင်မှာဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲ.......ပြောချင်တာကတော့ ကမ္ဘာကြီးက သဘာဝဘေးကြောင့်ပျက်စီးခဲ့ရင် လူတွေအပြင် အပင်တွေပါ မျိုးတုန်းနိုင်ပါတယ်။ အာ့ကြောင့် အပင်တွေမျိုးတုန်းသွားမှာဆိုသောကြောင့် Norway မှာရှိတဲံ မြေတိုက်ခန်းတစ်ခုမှာ အပင်မျိုးစေ့တွေကြီးပဲ သန်း၂၅၀ သိုလှောင်ထားပါတယ်။ အဲ့နေရာဟာဆိုရင် ကမ္ဘာ့ အသီါ်အနှံမျိုးစေ့ သိုလှောင်ရာ bank တစ်ခုဖြစ်ပါတယ်။ အဲ့လိုနှစ်ရှည်ခံအောင် လူသားတွေက နည်းပညာမြင့်မြင့်နဲ့ သိုလှောင်ထားကြတဲ့အတွက် အသံတွေက ထူခြားနေပါတယ်။ ပြီးတော့အဲ့နေရာကြီးက မီတာ၁၀၀ကျော်လောက်ထိ တောင်ထဲကိုဝင်နေပြီး တာ)န်ရှိသူမှ အပပေးမသွားပါဘူး။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။