Gay ဖြစ်နေတာအတူတူချင်းတော့ သူကျတော့ ဘာလို့အဲ့လောက်မိုက်နေပြီး သင်ကျတော့ ဆွဲဆောင်မှုမရှိပဲ ပိုသီဖတ်သီဖြစ်နေရလဲဆိုတာကို သိလား။ မသိတဲ့သူတွေလည်း အခုသိရပါတော့မယ်။ ယောက်ျားလေးတွေထက်တောင် လန်းတဲ့ Gay တွေ ဘာတွေလုပ်ကြလဲ။ 

သူတို့ကိုယ်သူတို့ အမြဲဂရုစိုက်နေကြပါတယ်

သိရသလောက်တော့ လူကြားထဲအရမ်း ပေါ်ပြူလာဖြစ်ပြီး လူကြိုက်များတဲ့ Gay တွေအားလုံးဟာ သူတို့ကိုယ်သူတို့ အမြဲကိုလန်းနေအောင် ဂရုစိုက်ကြပါသတဲ့။ သူတို့ရဲ့ နေ့စဉ်အချိန်ဇယားတွေထဲမှာ အားကစားလုပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားလေ့ရှိပြီး ကောင်းကောင်းစား ကောင်းကောင်းအိပ်ရုံမကပဲ လူမှုဆက်ဆံရေးကောင်းအောင်လည်း သူတို့ကိုယ်သူတို့ ပြင်ဆင်ထားကြပါတယ်။ သူတို့ဟာ နေ့စဉ်ဘဝကို စနစ်တကျ အချိန်ပေးဖြတ်သန်းနေကြလို့ Gay ချင်းအတူတူတောင် သူတို့က သင့်ထက်သာလွန်နေတာဖြစ်ပါတယ်။

သူတို့ဟာ Night Clubနဲ့ Barတွေမှာ အချိန်မဖြုန်းကြပါဘူး

သူတို့လည်း သင့်လိုပဲ ပေါ်ပြူလာဖြစ်ချင်တာပေါ့။ ဒါပေမယ့် သူတို့ဟာ ယောက်ျားလေးတွေနဲ့ရောနှောနေချင်တဲ့အတွက်နဲ့တော့ Night Club နဲ့ Bar တွေမှာ အချိန်မဖြုန်းကြပါဘူး။ သူတို့ဟာ Night Club နဲ့ Bar တွေမှာ လွယ်လွယ်ကူကူတွေ့ခွင့်မရတဲ့ Gay တွေအဖြစ် သူတို့တန်ဖိုးကို သူတို့မြှင့်တင်ထားပါတယ်။ သူတို့ဟာ အဆင့်အတန်းရှိတဲ့ Club နဲ့ Bar တွေကိုသာ ရွေးချယ်သွားကြပြီး အပတ်စဉ် သွားကဲတာမျိုးကိုလည်း ရှောင်ပါသတဲ့။ အထူးသဖြင့်တော့ သူတို့စိတ်ဝင်စားတဲ့ယောက်ျားလေးတွေနဲ့ ရောနှောဖို့ကို ညပျော်ပွဲစားနေရာတွေမဟုတ်တဲ့ ပြင်ပနေရာတွေကို ဦးစားပေးရွေးချယ်ကြပါတယ်။

ချစ်သူရဖို့တစ်ခုတည်းသာ သူတို့မျှော်လင့်ချက်မဟုတ်ပါဘူး

သူတို့ဟာ Gay တစ်ယောက်ဖြစ်ပေမယ့်လည်း ယောက်ျားလေးတွေကိုပဲ အချိန်ပြည့်စိတ်ဝင်စားနေပြီး ချစ်သူရဖို့တစ်ခုတည်းသာ သူတို့ရဲ့မျှော်လင့်ချက် မဟုတ်ပါဘူး။ သူတို့ စိတ်ဝင်စားတာ တခြားအရာတွေရှိပါသေးတယ်။ ယောက်ျားလေးမြင်တိုင်း အာသာငမ်းငမ်းဖြစ်မနေပဲ ယောက်ျားလေးတွေထက် အနုပညာလုပ်တာ၊  အားကစားလုပ်တာ ဒါမှမဟုတ် ပရဟိတလုပ်တာတွေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း သူတို့ကို လူတွေရဲ့ပါးစပ်ဖျားမှာ ပိုမိုပြီးရေပန်းစားလာစေပါတယ်။

အန္တရာယ်ရှိတဲ့ဆက်ဆံရေးတွေကို တွယ်ငြိမနေပါဘူး

သူတို့ဟာ Gay တွေ ဖြစ်ကြပါတယ်။ အချိန်ကြာစွဲမြဲတဲ့ Relationship တွေကို တည်ဆောက်ချင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုတည်ဆောက်ကြတဲ့အခါမှာတော့ သူတို့အတွက် အန္တရာယ်ရှိတဲ့ ဆက်ဆံရေးတွေအပေါ်မှာတော့ တွယ်ငြိမနေတတ်ကြပါဘူး။ သူတို့ဟာ သူတို့အပေါ်မကောင်းတဲ့ ချစ်သူ ဒါမှမဟုတ် သူတို့ကို အထင်အမြင်လွဲမှားနေတဲ့ အပေါင်းအသင်းမျိုးတွေကို ရေရှည်ပေါင်းသင်းခြင်းမျိုး မရှိသလို မေတ္တာတရားမပါဝင်ပဲ သူတို့နဲ့ ချစ်တင်းနှောဖို့ရာတစ်ခုတည်း ချဉ်းကပ်လာတဲ့လူတွေကိုလည်း ငြင်းဆန်လေ့ရှိပါတယ်။အဲဒါကြောင့်လည်း Gay လောကမှာ သူတို့တွေက တခြား Gay တွေနဲ့ မတူပဲ အရမ်းသန့် အရမ်းမိုက်နေရခြင်း ဖြစ်ပါတယ်။

သူတို့ကိုယ်သူတို့ လက်ခံကြပါတယ်

ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်တဲ့သူက လောကကြီးထဲမှာ ယုံကြည်မှုရှိပြီး ရဲရင့်ထက်မြက်ကြပါတယ်။ ဒီလိုပါပဲ။ သူတို့ဟာ ယောက်ျားလေးတစ်ယောက်လည်း မဖြစ်ချင်ကြသလို၊ မိန်းကလေးတစ်ယောက်လည်း မဖြစ်ချင်ကြပါဘူး။ သူတို့ကို သူတို့ Gay တစ်ယောက်ဆိုတာကို လက်ခံပါတယ်။ လူအများကို သူတို့ကိုယ်သူတို့ Gay ဖြစ်ကြောင်းကို မလျှို့ဝှက်ကြပါဘူး။ ဒါကြောင့်ပဲ သူတို့ဟာ လူပုံအလယ်ထဲမှာ ယုံကြည်မှုရှိပြီး အရမ်းကိုမိုက်နေကြရတာပါပဲ။

အခုဆို လူပုံအလယ်မှာ ထင်းပြီး အရမ်းမိုက်၊အရမ်းလန်းနေတဲ့ Gay တစ်ယောက်ရဲ့ လျှို့ဝှက်နည်းလမ်းအထာတွေကို သိသွားပြီဆိုတော့ ကိုယ့်မှာ ဘာတွေလိုအပ်နေလဲ၊ ဘာတွေပြင်ဆင်ရမလဲဆိုတာ သိသွားပြီ ဟုတ်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။