အသားလေးက ခပ်ညိုညိုလေးနဲ့မို့ မြန်မာဆန်ဆန်လေးတွေဝတ်ရင် အရမ်းပဲလိုက်ဖက်တဲ့ မင်းသမီးချောလေး မေကဗျာဆိုတာ ပရိတ်သတ်တွေရဲ့ အသည်းကျော်လေးပါပဲနော်။ သူမဟာ ဟိုးအရင် ဗီဒီယိုအခွေတွေ ဇာတ်ကားတွေခေတ်စားနေတဲ့အချိန်ကနေ အခုထက်ထိအောင်ပရိတ်သတ်တွေရဲ့ အားပေးခြင်းကိုတစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲနော်။

သူမဟာ အနုပညာလောကထဲကနေခေတ္တခနဝေးကွာသွားခဲ့ပြီး သူမ ရုပ်ရှင်လောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာတဲ့အခါမှာတော့ အရင်ကထက်ပိုကောင်းတဲ့အနုပညာဖန်တီးမှုတွေနဲ့တွေ့မြင်ရမှာပါနော်။ လတ်တလောမှာတော့ သူမဟာ အရင်လိုမျိုးပဲ သူမချစ်တဲ့အနုပညာ အလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်နေခဲ့ပါတယ်နော်။

အခုလည်း သူမကို ပရိတ်သတ်တွေကို နောက်ထပ်ရိုက်မယ့် မာယာလှည့်ကွက်ဇာတ်ကားထဲက သူမရဲ့နာမည်အသစ်လေးကိုလည်းပြောပြခဲ့ပါတယ်နော်။ " ကျမနာမည် သက်သက်မာ မာယာလှည့်ကွက် ဒီလစရိုက်မည့်ဇာတ်လမ်းတွဲလေးပါ"ဆိုပြီးတော့ သူမရဲ့ရိုက်ကွင်းဇာတ်လမ်းတွဲက လှုပ်ရှားမှုပုံရိပ်လေးတွေကို သူမရဲလူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်နော်။

Source: May Kabyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။