ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်တဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီးချော နန်းမြတ်ဖြိုးသင်းကတော့ သားလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးပါ..။

ချစ်စရာကောင်းလွန်းတဲ့ သားဦးလေး ဂျက်ဂျက်လေးကလည်း ပရိသတ်တွေရဲ့ မျက်စိရှေ့အချိန်ခဏလေးအတွင်းမှာပဲ အသက်(၃)လကျာ် အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်နော်..။

နန်းမြတ်ရဲ့ သားဦးလေးဖြစ်တဲ့ ဂျက်ဂျက်လေးကလည်း ပရိသတ်တွေ အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်ရင်သွေးလေးတွေထဲက တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း ဖေဖေနဲ့အတူ မနက်ခင်းစောစောလေးမှာ ရှူခသ်းကြည့်နေကြတဲ့ ဂျက်ဂျက်လေးတို့ သားအဖနှစ်ယောက်ကို ကြည့်ပြီး မေမေနန်းမြတ်လေးတစ်ယောက် ကြည်နူးနေပါတယ်နော်..။

ကြည်လင်အေးချမ်းတဲ့ မနက်ခင်းအလှတွေကို တဝကြီး ငေးကြည့်နေကြတဲ့ ဂျက်ဂျက်လေးတို့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း မေမေနန်းမြတ်က ချစ်ပရိသတ်တွေကို သဘောကျစွာ ပြန်လည်မျှဝေထားတာပါနော်..။

"သားအဖနှစ်ယောက် ရှုခင်းကြည့်နေကြတာတဲ့.." ဆိုပြီး အနောက်ကနေ ဓာတ်ဖမ်းထားတဲ့ ဂျက်ဂျက်လေးတို့ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

Photo - နန်းမြတ်ဖြိုးသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။