ပရိသတ်ကြီးရေ.. ဒီကနေ့ တနင်္ဂနွေနေ့ လေးကတော့ ပရိသတ်အချစ်တော် အနုပညာရှင်ညီအစ်မတွေုဖစ်ကြတဲ့ စိုးညီမအစ်မ မိသားစုတွေရဲ့ မင်္ဂလာရှိလွန်းတဲ့ ပျော်ရွှင်စရာ နေ့ရက်လေးပဲ ဖြစ်ပါတယ်နော်..။

ဒီဒီးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ စန္ဒီမြင့်လွင်ကတော့ ဒီနေ့ ဇူလိုင်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းမှာပဲ သမီးဦးလေးကို မွေးဖွားလိုက်တာမို့ စိုးညီအစ်မတွေရဲ့ ကြည်နူးစရာ နေ့ရက်လေးပါပဲနော်..။

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ချစ်တူမလေးကို ပထမဆုံး သွားရောက်တွေ့ဆုံတဲ့ အချိန်မှာတင်ပဲ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ တူမလေးကို လက်ကမချနိုင်လောက်အောင် ချစ်မဝဖြစ်နေပါတယ်နော်..။

တူမလေးကို ချီရင်း ပြုံးပျော်နေတဲ့ စိုးပြည့်လေးရဲ့ ချစ်ခြင်းတရားတွေအပြည့်နဲ့ ဂရုဏပုံရိပ်လေးတွေကတော့ မြင်သူတိုင်းကို ကြည်နူးမှုလေးတွေနဲ့အတူ အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

"တူမချောလေးနဲ့ပထမဦးဆုံးတွေ့ဆုံခြင်း..." ဆိုပြီးတော့ ချစ်တူမလေးနဲ့အတူ ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်နော်..။

ချစ်ရမယ့် တူမလေးတစ်ယောက် ထပ်တိုးလာလို့ ပျော်နေတဲ့ စိုးပြည့်လေးကတော့ မိခင်တစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့ အစ်မဖြစ်သူ စန္ဒီမြင့်လွင်ကိုလည်း အားပေးစကားလေးတွေပြောရင်း တူမလေးကြောင့် ကြည်နူးနေပါတယ်နော်..။

Photo - စိုးပြည့်သဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။