"မိုးကောင်ကင်အိမ်မက်" ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာ အဆိုတော်မလေးဆိုင်းမိုင်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲအသည်းတစ်နေရာကို အပိုင်နေရာရယူထားတဲ့ သရုပ်ဆောင်မင်းသမီး ပိုးကြာဖြူခင်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ Mrtv-4 မင်းသမီးတစ်ဦးဖြစ်ပြီး အသစ်သစ်သော ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးထားပြီး ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ပေးနေတာပါနော်...။

Mrtv-4 မင်းသားတစ်ဦးဖြစ်တဲ့ ကျော်ထက်ဇော်ဟာဆိုရင် အခုလက်ရှိမှာ ပရိသတ်အခိုင်အမာရရှိထားပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာလုပ်ကိုင်နေတာဖြစ်ပါတယ်...။ "စိတ်၏ခြေရာ"၊ "အမုန်းမှသည်"၊ "မိုးကောင်ကင်အိမ်မက်" အစရှိသည့် Mrtv-4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး လူငယ်၊ လူကြီးမရွေး နှစ်သက်အားပေးကြတာကိုတွေ့မြင်ကြရမှာပါ...။ ယောက်ျားပီသသည့် အဝတ်အစားလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အမြဲစတိုင်ကျ ခန့်ညားသေသပ်နေတာဖြစ်ပါတယ်..။

အခုတစ်ခါမှာဆိုရင်လည်း သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်နဲ့ ကျော်ထက်ဇော်ဟာဆိုရင် "ကြယ်ကလေးရဲ့ ကောင်းကင်" ရုပ်သံဇာတ်လမ်းတွဲမှာ လိုက်ဖက်ညီစွာ နှစ်ယောက်အတူပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်...။ သူတို့ဟာဆိုရင် ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး အနုပညာမောင်နှမတွေလို့ ဆိုကြရမှာပါ...။ ရိုက်ကွင်းပေါ်မှာ ရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးတွေကို "ဒီနှစ်ယောက် အခုတော့ တည့်သွားပြီ" ဆိုတဲ့ status လေးနဲ့တကွ ပိုးကြာဖြူခင်ရဲ့ acc မှာ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။