ပရိသတ်ကြီးရေ အဆိုတော်မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ မနေ့ကနေ့လည်မှာတော့ သမီးချောလေး Treasure ကို အောင်မြင်စွာမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ သမီးလေးဟာတော့ ပေါင်ချိန် ၆ ပေါင်ရှိပြီးတော့ မိခင်ရောကလေးပါ ကျန်းကျန်းမာမာရှိနေတာပါ။ သမီးလေးဟာတော့ အခုချိန်မှာ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားပြီပဲ ဖြစ်ပါတယ်။

မနေ့ကတော့ တီတီတွေဖြစ်ကြတဲ့ စိုးမြတ်နန္ဒာနဲ့စိုးုပည့်သဇင်တို့လာရောက်ခဲ့ကြပြီး တူမချောလေးကိုလက်ကမချရက်လောက်အောင် အချစ်တွေပိုနေကြတာပါ။ ဒါ့အပြင် တီတီစိုးမြတ်သူဇာကိုယ်တိုင် ဒီးဒီလေးကို မွေးခန်းထဲမှာစောင့်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ နှစ်ဖက်အဖိုးအဖွားတွေကလည်း မြေးမချောလေးကို တစိမ့်စိမ့်ကြည့်ကာချစ်နေကြတာပါ။  

Treasure လေးဟာတော့ ဖခင်ဖြစ်သူ ကိုသီဟလွင်နဲ့ရုပ်ချင်းတူတယ်ဆိုပြီး အားလုံးကမှတ်ချက်ပြုထားကြတာပါ။ အနုပညာရှင်များကလည်း ဒီးဒီရဲ့သမီးလေးအောင်မြင်စွာမွေးဖွားနိုင်တဲ့အတွက် သူတို့ရဲ့လူမှုကွန်ယက်များတွင် ဂုဏ်ပြုကြောင်းစာများရေးသားခဲ့ကြတာပါ။ အခုတစ်ခေါက်မှာလည်း တီတီစိုးမြတ်နန္ဒာနဲ့စိုးပြည့်သဇင်တို့ရဲ့လက်ပေါ်မှာချစ်စရာကောင်းလွန်းနေတဲ့ Treasure လေးရဲ့ပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo- Soe Kyi Phyu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။