မြန်မာနေရှင်ရှင်နယ်လိဒ်ရဲ့ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ဟံသာဝတီအသင်းတို့ရဲ့ပွဲစဉ်မှာတော့ရှမ်းယူနိုက်တက်အသင်းကနောက်ကျဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲကတော့ပရိသတ်တွေအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပရိသတ်တွေကလည်းကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြတာပါ။ဒီပွဲစဉ်မှာတော့ရှမ်းယူနိုက်တက်အသင်းက (၃-၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာပါ။ 

ဒီပွဲစဉ်မှာတော့ပထမပိုင်းပြီးချိန်မှာဟံသာဝတီအသင်းက(ဝ-၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာကစားသမားတွေရဲ့ကြိုးစားမှုပရိသတ်တွေရဲ့အားပေးမှုတွေကအနိုင်ရလဒ်တစ်ခုကိုယူဆောင်နိုင်ခဲ့တာပါ။ဒီနှစ်ရာသီမှာစံချိန်တင်ပရိသတ်အားပေးမှုတွေရထားတဲ့ရှမ်းယူနိုက်တက်အသင်းပရိသတ်တွေအားပေးမှုကတော့ကျေနပ်စရာပဲဖြစ်ပါတယ်။ 

ရှမ်းယူနိုက်တက်ပရိသတ်တွေကတော့တစ်ကွင်းလုံးမှာ ရှမ်းရိုးရာသီချင်းကိုသံပြိုင်ဆိုပြီးအားပေးနေကြတာကလည်း ခုနှစ်မြန်မာနေရှင်နယ်လိဒ်သမိုင်းမှာ ပထမဆုံးပဲဖြစ်ပါတယ်။ရှမ်းယူနိုက်တက်အသင်းဟာဒီပွဲအနိုင်ကြောင့်ရန်ကုန်ယူနိုက်တက်အသင်းကို၁မှတ်လျော့နဲ့ဒုတိယနေရာကနေဖိအားပေးနေတာပါ။ပရိသတ်တွေအတွက်လည်းစည်းစည်းလုံးလုံးနဲ့အားပေးခဲ့ကြတဲ့ ရှမ်းယူနိုက်တက်အသင်းပရိသတ်တွေရဲ့အားပေးမှု video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Shan United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။