ပရိသတ်တွေအရမ်းချစ်ရပြီး "မိုး"လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ မိုးဟေကိုကတော့ အနုပညာနယ်ပယ်ထဲမှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။မိုးဟေကိုကတော့ မိခင်ရဲ့အနားမှာ တစ်ချိန်လုံးနေပေးပြီး ပြုစုစောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ တတ်နိုင်သလောက်သာလုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့အလှမ်းမဝေးကွာသွားအောင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

မိုးဟေကိုကတော့ မိဘအပေါ်လည်း သိတတ်လိမ္မာပြီး အေးအေးဆေးဆေးနေထိုင်တတ်သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်လည်းပေါများတဲ့အပြင် ပရိသတ်တွေကလည်း မိုးဟေကိုရဲ့စိတ်ထားလေးကို လေးစားချီးကျူးနေရတာဖြစ်ပါတယ်။ပရိသတ်အချစ်တော်မိုးဟေကိုကတော့ အခုဆိုရင် အသက်၃၀ကျော်အရွယ် ရောက်ရှိနေပေမယ့် လှပနုပျိုမှုတွေကတော့ မလျော့သွားဘဲ မြင်သူတကာငေးမောနေရအောင်လှပနေဆဲဖြစ်ပါတယ်။

မိုးဟေကိုရဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာဆိုရင်လည်း သူမတူတဲ့အလန်းစားဒီဇိုင်းတွေကြောင့် ပွဲတွေတက်ရင်လည်း လူအများကြားမှာ ထင်ရှားပြီး တောက်ပထည်ဝါနေတာကိုတွေ့ရပါတယ်နော်။မိုးဟေကိုက မကြာသေးခင်ကမှာ မွေးနေ့အတွက် သီလရှင်ဝတ်ထားတာကြောင့် အခုဆိုရင် ကတုံးလေးနဲ့တောင်ဖက်ရှင်တစ်မျိုးနဲ့ လန်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source:Moe Hay Ko/Photo:Haw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။