အလှသတင်းကြီးတဲ့ ရွှေမင်းသမီးချောလေးအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာရရှိထားတဲ့ ဝတ်မှုန်ရွှေရည်ကတော့ တကယ့်ကိုအရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ရွှေကစ်လေးက ဘယ်တော့မှအသက်ကြီးသွားတယ်လို့ မထင်ရလောက်အောင် ဖြူဖွေးနုဖတ်တဲ့မျက်နှာလေးနဲ့ အရမ်းကို လှပလွန်းသူလေး ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်လေးက နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွှေကစ်လေးတစ်ယောက် မင်းသားဒေါင်းနဲ့အတူ ရုပ်ရှင်ရိုက်ကူးဖို့ နယ်ဘက်ကို ခရီးထွက်နေရတာ ဖြစ်ပါတယ်။ ရွှေကစ်လေးက ပင်ပင်ပန်းပန်းနဲ့ ကားအတော်ကြာ စီးပြီးနောက်မှာတော့ " ဖြုံဘူးရွာ" လေးဆီကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရွာလေးက ရွာသူရွာသားတွေအားလုံးကလည်း မင်းသမီးချောလေး ရွှေကစ်လာမှာကိုကြိုသိတဲ့အတွက် တစ်ရွာလုံးနီးပါး လာရောက်ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။

ရွှေကစ်လေးစီးလာတဲ့ ကားရဲ့ပတ်ပတ်လည်ကို ဝိုင်းအုံပြီး လာကြည့်ကြတဲ့ ဖြုံဘူးရွာက ပရိသတ်တွေရဲ့အားပေးမှုကတော့ တကယ့်ကို အားရကျေနပ်စရာကောင်းလောက်တာ ဖြစ်ပါတယ်။ ရွှေကစ်လေးကတော့ သူ့ကိုလာရောက်ကြိုဆိုကြတဲ့ ပရိသတ်တွေကို အပြုံးလေးတွေနဲ့ ဖော်ရွေရင်းနှီးစွာ နှုတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြုံဘူးရွာက ပရိသတ်တွေနဲ့ ရွှေကစ်လေးရဲ့ချစ်စရာဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။