အကယ်ဒမီဆုရှင် ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသားလွင်မိုးမှာ ချစ်စရာ သမီးချောလေးတစ်ယောက်ရှိတာကို အားလုံးပဲသိရှိပြီးဖြစ်မှာပါ...။ ယွန်းဝတီလွင်မိုးလို့ ခေါ်တဲ့ သူမဟာ အဖေ့ခြေရာ နင်းနိုင်သူလေးဖြစ်ပြီး အနုပညာလောကမှာကော၊ ပညာရေးဘက်မှာပါ ထူးချွန်ထက်မြတ်သူတစ်ယောက်ပါနော်...။ ယွန်းဝတီလွင်မိုးဟာဆိုရင် အနုပညာလောကမှာ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရပ်တည်နေကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးဝန်းရံမှုများစွာကို ပိုင်ဆိုင်ရရှိထားတာလည်းဖြစ်ပါတယ်...။

ယွန်းဝတီလွင်မိုးဟာဆိုရင် ချစ်ခင်ပွန်းနဲ့အတူ "Liam" ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးဖွားထားပြီး လိမ္မာယဉ်ကျေးအောင် ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်...။ ယွန်းဝတီလွင်မိုးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလက်ခံရိုက်ကူးပေးလျက်ရှိတာဖြစ်ပါတယ်....။ ယွန်းဝတီလွင်မိုးနဲ့ သူမရဲ့ ခင်ပွန်းဟာဆိုရင် ပညာရေးကိုလည်း အလေးထားသူတွေဖြစ်ကြပြီး သြစတေးလျနိုင်ငံမှာ ကျောင်းပြီးအောင် လေ့လာသင်ယူနေကြတယ်လို့ သိရပါတယ်...။

ယွန်းဝတီလွင်မိုးက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို ပရိသတ်တွေနဲ့ ရင်းနှီးမှုရအောင်၊ အဆက်အသွယ်မပြတ်ရအောင် အချိန်နဲ့တပြေးညီ ထုတ်ဖော်တင်ဆက်ပြသလျက်ရှိတာပါနော်...။ ချစ်ခင်ပွန်းနဲ့အတူ ရိုက်ကူးထားခဲ့တဲ့ စုံတွဲပုံလေးတွေ၊ သားလေး "Liam" ရဲ့ ပုံလေးတွေကိုလည်း မကြာခဏဆိုသလို ရှုမြင်ခံစားကြရမယ်လို့ ယုံကြည်ပါတယ်နော်...။ အခုတစ်ခါမှာဆိုရင် Instagram acc မှာ ထုတ်ဖော်ပြသထားတဲ့ သူမရဲ့ နုပျိုလှပတဲ့ တစ်ကိုယ်တော် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source yunwaddy 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။