ပရိသတ်ကြီးရေ တေးသီချင်းလောကမှာ သူမတူတဲ့ကကွက်အလန်းစားတွေနဲ့ မြူးမြူးကြွကြွလေးဖျော်ဖြေတတ်တဲ့ ဖြူဖြူကျော်သိန်းကတော့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် ယနေ့အချိန်ထိလည်း အောင်မြင်မှုလမ်းကြောင်းပေါ်မှာရပ်တည်နေပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းတွေကို ရရှိနေတာပဲဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းဖျော်ဖြေတဲ့ Show ပွဲတွေမှာဆိုရင်လည်း ပရိသတ်တွေကအပြည့်ပါပဲနော်။

ဖြူဖြူကျော်သိန်းကတော့ ပညာရေးနဲ့ဗဟုသုတမှာလည်း ထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် အနုပညာကိုလည်းဝါသနာပါတာကြောင့် တေးသီချင်းတွေသီဆိုပြီး ပရိသတ်တွေရဲ့နှလုံးသားကိုအရယူနိုင်ခဲ့တာပါနော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သူမရဲ့ ပါဖောမန့်အပြည့်နဲ့ဖျော်ဖြေမှုတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းရဲ့ သီချင်းတွေကလည်း အခုချိန်ထိအောင်မြင်နေဆဲဖြစ်တာကြောင့် အခုဆိုရင်တော့ ဖြူဖြူရဲ့"အတွင်းကြေ"သီချင်းလေးကို ကောက်စိုက်ပြီးအနားယူနေတဲ့ ကောက်စိုက်သူလေးတွေက ပါဖောမန့်အပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်သီဆိုနေကြတာလေးကို ဖြူဖြူကတော့"ချစ်ဖို့ကောင်းလိုက်ကြတာလယ်တောထဲကောက်စိုက်ရင်းဖြူဖြူကျော်သိန်းပါဖောမန့်နဲ့အပန်းဖြေနေကြတာလေ ခုလိုနေရာစုံအလွှာစုံကအရွယ်စုံအမာခံပရိသတ်တွေရှိလို့လည်းဒီနေ့ထိရပ်တည်နိုင်တာပါ ချစ်ခင်အားပေးသူအားလုံးကိုအမြဲကျေးဇူးတင်လျက်ပါရှင်"ဆိုပြီး ဗီဒီယိုဖိုင်လေးကို မျှဝေလာပါတယ်နော်။

Source:Phyuphyukyawthein/ပန်း တိမ်လွှာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။