အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်ရင်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာပါ။ ဒီလိုချစ်စရာကောင်းတဲ့ ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ရိုမက်တစ်ဆန်လွန်းတာကြောင့် ပရိသတ်တွေကအားကျနေရတာပါ။ ရွေမှုံရတီရဲ့ အိမ်ထောင်ရှင်မကောင်းပီသမှုတွေကြောင့်လည်း ရွှေထူးတစ်ယောက်ပီတိဖြစ်နေရတာပါ။ 

သူတို့နှစ်ယောက်လုံးဟာ အနုပညာလမ်းကြောင်းမှာ အောင်မြင်တဲ့ အနုပညာရှင်နှစ်ယောက်အဖြစ်ရပ်တည်နေကြတာပါ။ ရွှေထူးဟာလည်း အဆိုဘက်တွင်သာမကပဲ သရုပ်ဆောင်အလုပ်ကိုပါ ရွှေမှုံလေးနဲ့အတူလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရသော်လည်း တစ်ယောက်လက်ကိုခိုင်ခိုင်တွဲကာလျှောက်လှမ်းနေကြတာပါ။  

ရွှေထူးဟာ သူမရဲ့ဇနီးချောလေးကိုအရိပ်တကြည့်ကြည့်နဲ့Beauty salon ထိလိုက်စောင့်ပေးပြီး ချစ်မဝတွေဖြစ်နေရတာပါ။" Hair Republic နဲ့ The Nail Dream မှာပဲ သူ့ကိုနေခိုင်းတော့မယ်...

ချစ်လား... ချစ်ရင် စောင့်ပါ " ဆိုပြီး ချစ်ဇနီးလေးကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ကျီစားထားတာပါ။ ချစ်စရာကောင်းလွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို အားပေးကြပါဦးနော်။

Photo - Htoo Khant 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။