မော်လ်ဒယ်လောကမှ အနုပညာနယ်ပယ်ထဲသို့ အောင်မြင်စွာဝင်ရောက်ခဲ့တဲ့ မင်းသမီးယုသန္တာတင်ကိုလည်းသိကြမယ်ထင်ပါတယ်နော်။ သဘာဝကျကျသရုပ်ဆောင်ပီပြင်သူဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်ညီညာတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသီးလေးတစ်ယောက်ဖြစ်ပါတယ်။ အချစ်ရေးတည်ငြိမ်တဲ့ ယုသန္တာတင်ဟာဆိုရင် သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကိုအေးချမ်းစွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။ မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်လေ့ရှိပြီး နန်းဆန်စွာ လှပနေတာကို ပရိသတ်တွေအနေနဲ့ ရှုစားခဲ့ကြရမှာပါ...။

ယုသန္တာတင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလေ့ရှိပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးထားတာပါနော်....။ အခုတစ်ခါမှာဆိုရင်လည်း "အောင်သွယ်တော်စိန်အားသစ်" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး "ရဲအောင်၊ ခန့်စည်သူ၊ အားသစ်၊ ထွန်းအိန္ဒြာဗိုလ်၊ တက္ကသိုလ်ဂွမ်းပုံ" အစရှိတဲ့ သရုပ်ဆောင်များအပြင်၊ အခြား အနုပညာရှင်များနဲ့အတူ လက်တွဲ ရိုက်ကူးထားတာဖြစ်ပါတယ်....။

ယုသန္တာတင်က ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာများဖြစ်တဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "အောင်သွယ်တော်စိန်အားသစ်" press show ပွဲသို့ တက်ရောက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဆန်းသစ်လှပတဲ့ ဝတ်စုံလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတာပါနော်...။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Yu Thandar Tin 

Photo Credit A Linn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။