Beauty Blogger အဖြစ်ရော သရုပ်ဆောင် မင်းသမီးအဖြစ်ပါ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေသူလေးကတော့ ပရိသတ်အချစ်တော် နေခြည်ဦးပဲ ဖြစ်ပါတယ်။ သွက်လက်ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ နေခြည်ဦးက အချိန်ခဏလေးအတွင်းမှာတင် နာမည်ရအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း အမှီလိုက်နိုင်တဲ့ နေခြည်ဦးက အထူးသဖြင့် လူငယ်ပရိသတ်တွေရဲ့စိတ်ဝင်တစား အားပေးမှုကိုရရှိထား ဖြစ်ပါတယ်။

လတ်တလောမှာတော့ နေခြည်ဦးတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေ တက်ရောက်နေရပါတယ်။ လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးတွေကိုသာ ဝတ်ဆင်လေ့ရှိတဲ့ နေခြည်ဦးက အခုလည်း အမိုက်စား T Shirt လေးတစ်ထည်နဲ့ အထာကျကျ ဂေါ်နေခဲ့ပါတယ်။ နေခြည်ဦးက ဝါရင့်သရုပ်ဆောင် မင်းသားကြီးဒွေးရဲ့ပုံရိပ်လေးတစ်ခုကို T Shirt မှာ ရိုက်နှိပ်ပြီးဝတ်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။

လယ်ကွင်းထဲမှာ အဖြူရောင်ဖက်ရှင်နဲ့ လုံးဝကို အလွင့်တလိုင်းဖြစ်နေတဲ့ ဒွေးရဲ့ပုံရိပ်လေးကတော့ တစ်ခေတ်တစ်ချိန်က ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားလူကြိုက်များခဲ့တာ ဖြစ်ပါတယ်။ ဒီပုံလေးကို တီရှပ်မှာရိုက်နှိပ်ပုံဖော်ပြီး အမြတ်တနိုးဝတ်ဆင်ထားတဲ့ နေခြည်ဦးက " Are we as cool as Dway?" ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေခြည်ဦးရဲ့အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:beautybynaychi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။