ပရိတ်သတ်ကြီးရေ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ကိုတော့ ချစ်ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမကတော့ အနုပညာလောကမှာအောင်မြင်နေတဲ့ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုများစွာရယူပိုင်ဆိုင်ထားတဲ့ သူလေးပဲဖြစ်ပါတယ်။သူမကတော့ အဆိုတော်လောကမှာတင်မဟုတ်ပဲ သရုပ်ဆောင်နယ်ပယ်မှာလဲ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိနေတဲ့ ဘက်စုံအရည်ချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။

အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ ယောက်ကျားလေးပရိသတ်တွေပါမက မိန်းကလေးပရိသတ်တွေပါ အခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ စန္ဒီမြင့်လွင်က ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ခဲ့ပြီး ပရိသတ်တွေ အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ အခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သမီးချောလေးကို အောင်မြင်စွာ မွေးဖွားပြီးဖြစ်ပါတယ်။

သူမဟာ အနုပညာအလုပ်တွေနည်းပါးနေပေမဲ့လည်း သူမရဲ့သွားလာလှုပ်ရှားမူလေးတွေကိုတော့ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိပါတယ်။လတ်တလောမှာတော့ ဖောင်ဖောင်းကစ်ကစ်နဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းလွန်းတဲ့ သမီးလေး treasure ရဲ့ ပုံလေးတွေကို ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source: Sandi Myint Lwin & Thiha Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။