မိုးကုတ်သူလေးတစ်ဦးဖြစ်တဲ့ မော်ဒယ် အိန်ဂျယ်မိုး (Sandarlin Yang Yang)ဟာ တရုတ်လူမျိုးစစ်စစ်ဖြစ်ပြီး သူမရဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားက သူမကို ထင်ရှားစေတဲ့အမှတ်သားပါပဲ။

မြန်မာပြည်မှာ Photo Model တစ်ဦးဖြစ် အနုပညာလှုပ်ရှားမှုတွေလုပ်နေတဲ့ သူမဟာ တောင်ကိုရီးယားမင်းသား ဂျွန်စောနဲ့အတူThe Third Way of Love ရုပ်ရှင်ဇာတ်ကားမှာ အရန်မင်းသမီးအဖြစ် ပါဝင်ရင်းလူသိများလာပါတယ်။

လက်တလောမှာတော့ အိန်ဂျယ် ဟာ ဖေ့ဘုတ်မှာ သူမရဲ့ ဓာတ်ပုံကို အလွဲသုံးစားလုပ်ထားတဲ့ အကောင့်တုကို reportထုပေးဖို့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်။

ထူးခြားတာက သူမရဲ့ပုံတင်ထားတဲ့ Christina Limm ဆိုတဲ့ အကောင့်ပိုင်ရှင်စစ် ဟာ လက်ရှိလူပြောများနေတဲ့ အသတ်ခံရသူ သံမဏိဂျာနယ်ထုတ်ဝေသူကိုဝေယံဟိန်း နဲ့ လူမှုရေးဖောက်ပြန်နေတဲ့ သဘောင်္သား မိန်းမဖြစ်တယ်လို့ အများစုက မှတ်ချက်ပြုကြပါတယ်။

ပရိသတ်အချို့သတိပေးမှုကြောင့် အိန်ဂျယ်က သူမရဲ့ ပုံတင်ထားတဲ့ Christiam Limm အကောင့်ဟာ သူမရဲ့ဖေ့ဘုတ်စ်အကောင့်မဟုတ်ကြောင်း ၊ Sandarlin Yang Yang ဆိုတဲ့ အကောင့်သာ သူမတရားဝင်သုံးတဲ့အကောင့်ဖြစ်ကြောင်း ပရိသတ်တွေကို ဒီနေ့မနက် အသိပေးထားပါတယ်။

ဒါ့ပြင် အဆိုပါ အကောင့်ပိုင်ရှင်အမျိုးသမီးက သံမဏိနှင်းဆီဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း နဲ့ သူမရဲ့ လူမှုရေးဖောက်ပြန်မှုအရှုပ်တော်ပုံကို ခင်ပွန်းဖြစ်သူ သဘောင်္သားကိုအောင်ကိုကို အပါအဝင် ပတ်ဝန်းကျင်ကလူတွေ မရိပ်မိအောင် အကောင့်တုနဲ့ အဆက်သွယ်လုပ်ပြီးဖောက်ပြန်ခဲ့တာဖြစ်တယ်လို့လည်း ပြောနေကြပါတယ်။

သေချာတာကတော့ အဲ့ဒီ ဖေ့ဘုတ်စ်အကောင့်ဟာ မော်ဒယ် အိန်ဂျယ်မိုး ရဲ့ ပုံကို အလွဲသုံးစားယူသုံးတာဖြစ်တဲ့အတွက် ဆက်သွယ်ရေးဥပဒေနဲ့လည်း တိုင်ကြားလို့ရတယ်လို့ ပရိသတ်အချို့က အ ိန်ဂျယ်ကို အကြံညဏ်ပေးထားကြပါတယ်။

ပရိသတ်ကြီးလည်း အိန်ဂျယ်ပြောတဲ့ Christina Limm ဆိုတဲ့ဖေ့ဘုတ်စ်အကောင့်ကို ကူညီပြီး Report ထုပေးလိုက်ကြပါဦး ။

ဘာပဲဖြစ်ဖြစ် လူသတ်တရားခံဖြစ်တဲ့ အဖေဖြစ်သူအောင်ကိုကို နဲ့ ဖောက်ပြန်တဲ့မိခင်ဖြစ်သူတို့ရဲ့ လုပ်ရပ်ကြောင့် သူတို့ရဲ့သားလေးခင်မျာ လူပုံအလယ်မျက်နှာမငယ်ရအောင် ကလေးရဲ့မျက်နှာကို ထောက်ထားသောအားဖြင့် ရှဲတဲ့အခါမှာလည်း ကိုယ်ချင်းစာကာ ရှဲကြပါလို့ အက်မင်က အကြံပေးချင်ပါတယ်နော်။  

သတင်းအရင်းမြစ် Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။