အကြိမ်၃၀မြောက်ဆီးဂိမ်းပြိုင်ပွဲကိုတော့လာမယ့်နိုဝင်ဘာလမှာစတင်ကျင်းကတော့မှာလည်းဖြစ်ပါတယ်။ဆီးဂိမ်းပြိုင်ပွဲဟာအာစီယံနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲဖြစ်တာကြောင့်အသင်းတိုင်းဟာကြိုတင်ပြင်ဆင်မှုတွေနဲ့ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ဆီးဂိမ်းပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့နိုင်ငံတွေကလည်းအိမ်ရှင်အဖြစ်ကျင်းပတဲ့ပြိုင်ပွဲတိုင်းမှာ တစ်ခြားနိုင်ငံတွေနဲ့မတူညီတဲ့အားကစားရွာတွေဆောက်လုပ်ပြီးယှဉ်ပြိုင်ကြတာပါ။ 

ခုလာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာလည်းဖိလစ်ပိုင်နိုင်ငံဟာကမ္ဘာ့အဆင့်မှီကွင်းတွေအဆောက်အအုံတွေကဆောက်လုပ်ပြီးလက်ခံကျင်းပမှာဖြစ်ပါတယ်။ဆီးဂိမ်းကျင်းပမယ့်နိုင်ငံဟာမကျင်းပမှီနှစ်တွေထဲကကြိုတင်ပြင်ဆင်မှုတွေလုပ်တာဖြစ်ပါတယ်။အားကစားနည်းများစွာကိုလက်ခံကျင်းပရမှာဖြစ်တာအပြင်ပရိသတ်စိတ်အဝင်စားဆုံးဘောလုံးပြိုင်ပွဲပါယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်နိုင်ငံတစ်ကာအဆင့်မှီကွင်းတွေလိုအပ်နေတာဖြစ်ပါတယ်။ 

ခုမှာလည်းဆီးဂိမ်းပြိုင်ပွဲအတွက်ရည်ရွယ်ဆောက်လုပ်ထားတဲ့ဘောလုံးကွင်းကြီးကတော့ ၈၀%ပြီးဆုံးနေပြီဖြစ်ပါတယ်။အဆိုပါဘောလုံးကွင်းကြီးပြီးဆုံးခဲ့ရင်တော့အာစီယံဒေသတွင်းမှာအကောင်းဆုံးကမ္ဘာ့အဆင့်မှီကွင်းတစ်ကွင်းထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်းဖိလစ်ပိုင်နိုင်ငံရဲ့အမိုက်စားကွင်းကြီး video ကိုလည်းအားကျဖွယ်တင်ဆက်ပေးလိုက်ရပါတယ်။

SOURCE:The BCDA Group 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။