ဒီဖြစ်ရပ်လေးဖြစ်ပွားခဲ့တာကတော့ စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ အသိပညာပေးတဲ့ ပြပွဲတစ်ခုမှာဖြစ်သလို တိုက်ခိုက်ခံရတဲ့ကလေးငယ်လေးရဲ့နာမည်ကတော့ Isla Williams ပဲဖြစ်ပါတယ်။

ဒီကလေးငယ်လေးဟာ အသက် ၂ နှစ်အရွယ်သာရှိသေးတာဖြစ်ပြီး ၎င်းပြပွဲကို သူမရဲ့မိသားစုဝင်တွေနဲ့အတူ လိုက်ပါလာခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက် ဒီကလေးမလေးဟာ မိသားစုနဲ့ အနည်းငယ်ဝေးကွာတဲ့နေရာမှာ ကစားနေတဲ့အချိန်မှာတော့ ၎င်းနေရာမှာရှိနေတဲ့ ခွေးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။

မိခင်ဖြစ်သူရဲ့ပြောကြားချက်အရတော့ ဒီကလေးငယ်လေးဟာ ခွေးတွေနဲ့ဆို အမြဲအဆင်ပြေပြေဆော့ကစားလေ့ရှိသူဖြစ်ပြီး အခုလိုဖြစ်ရပ်ကြီးကြောင့် သူမအနေနဲ့ နောင်တလည်းရသလို အံလည်းအံသြခဲ့ရတယ်လို့သိရပါတယ်။

၎င်းခွေးဟာလည်း ကလေးငယ်လေးကို သားကောင်တစ်ကောင်လို ရက်စက်စွာတိုက်ခိုက်ခဲ့တာဖြစ်သလို ၎င်းခွေးရဲ့ လက်သည်းတွေနဲ့ ကုန်ခြစ်တိုက်ခိုက်မှုကြောင့် ကလေးငယ်လေးရဲ့မျက်နှာဟာ ထိခိုက်ဒဏ်ရာတွေများစွာရှိခဲ့သလို နောက်ဆုံးတစ်ချက်တိုက်ခိုက်မှုမှာတော့ ကလေးငယ်လေးဟာ တော်တော်လေးကံကောင်းသွားခဲ့တယ်လို့သိရပါတယ်။

ဘာကြောင့်လဲဆိုရင် ခွေးရဲ့နောက်ဆုံးတိုက်ခိုက်တဲ့ တိုက်ချက်ဟာ ကလေးငယ်လေးရဲ့ မျက်လုံးကိုမိထိဘဲ ဘေးနားလေးကို သီသီလေး ကပ်လွဲသွားခဲ့ပြီး မျက်ခုံးနားကိုသာ ထိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

အကယ်၍ မျက်လုံးကိုသာထိမယ်ဆိုရင်တော့ ကလေးငယ်လေးရဲ့မျက်လုံးဟာ ကန်းသွားနိုင်တဲ့အခြေအနေမှာရှိပြီး အသက်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိဘဝကို ရောက်ရှိသွားနိုင်တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့ရင်သွေးလေးတွေကို ခွေးတွေနဲ့ လွှတ်ထားတဲ့အခါမှာ သတိလက်လွှတ်မထားဘဲ စောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။