ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားပြီး မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူတွေထဲမှာ မော်လ်ဒယ်မင်းသားချောလေး တိုင်ရွန်ပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ တိုင်ရွန်ကတော့ အခုတစ်ခါမှာလည်း “ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ဇာတ်ကားအတူရိုက်ကူးနေရင်း ထိခိုက်မှုဖြစ်ကာ ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုးအတွက် စိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။


တောထဲတောင်ထဲမှာ သဘာဝကျကျသွားရောက်ရိုက်ကူးနေကြတဲ့ သူတို့အဖွဲ့ကတော့ ပရိသတ်တွေရှေ့ ရောက်ရှိလာမယ့် ဇာတ်ကားကြီးအတွက် ကြိုးစားမှုတွေနဲ့အတူ ထိခိုက်မှုတွေလည်း ရှိခဲ့တာ တွေ့ရပါတယ်နော်..။

ပြင်ဦးလွင်မှာရိုက်ကူးနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းစကလည်း တိုင်ရွန်တစ်ယောက်တောထဲမှာ ပျားတုပ်ခံလိုက်ရတဲ့အကြောင်း ပရိသတ်တွေကို ပြောပြထားပြီး အခုတစ်ခါမှာတော့ ထိခိုက်မှုကြောင့် ခြေထောက်ကျိုးသွားတဲ့ သိန်းလင်းစိုးအတွက် စိတ်မကောင်းဖြစ်နေပါတယ်နော်..။


သိန်းလင်းစိုးအတွက် စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းလေးကို “ဒီကားကတော့ တကယ်ကိုအမှတ်တရနဲ့ အသေအပင်ပန်းဆုံးပါပဲ တောထဲတောင်ထဲ ရိုက်ရတာ သေမလိုပဲ အခုလည်း ကိုသိန်းခြေထောက်ကျိုးသွားပြီ..” ဆိုပြီး တိုင်ရွန်က ရေးသားထားတာ တွေ့ရပါတယ်နော်..။

သရုပ်ဆောင်ကျော်ဟိန်းနဲ့ ဒွေးတို့ မရိုက်ဖြစ်ခဲ့ကြတဲ့ “ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေကြတာဖြစ်ပြီး (၁၉၈၅)ဝန်းကျင်က နိုင်ငံရေးအခြေအနေကို ရိုက်ကူးမှာဖြစ်တယ်လို့ သိရပြီး အလင်းရောင်၊ ခါရာ၊ ထွန်းကိုကို၊ ထူးခြား၊ တိုင်ရွန်၊ နေထက်လင်း၊ နေမျိုးအောင်၊ နေရဲ၊ သိန်းလင်းစိုး၊ သျှင်းမြတ်၊ အုပ်သာကျော်၊ ရွှေသမီး၊ ရွှေပိုးအိမ်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်မှာဖြစ်ပါတယ်..။

Photo - တိုင်ရွှန်၊ Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။