လက်တလော လူစိတ်ဝင်စားမှုများနေတဲ့ ပခုက္ကူမှ မုဒိမ်းမှုအားဖော်ထုတ်ခဲ့သူ ဒေါ်ခင်လင်းလင်းဖြူအား NLD ပါတီမှအသရေဖျက်မှုဖြင့် တရားစွဲမည်ဟု ခြိမ်းခြောက်မှုရှိတယ်လို့ လူမှုကွန်ရက်မှာ ကာယာကံရှင်ကိုယ်တိုင် ရေးသားဖော်ပြမှုအရ သိရှိရပါတယ်။

အဆိုပါ ပခုက္ကူမှ မုဒိမ်းမှုအားဖော်ထုတ်ခဲ့သူ ဒေါ်ခင်လင်းလင်းဖြူ က

“ ဪ ငါ့မလဲဟယ် မုဒိန်းကောင်ကို မအိပ်မနေဖမ်းပေးခဲ့တယ် သူမုဒိန်းကျင့်လို့ ခံခဲ့ရတဲ့ မိန်းကလေးတွေဘဝကို ကယ်တင်ပေးခဲ့တယ်။ နောက်နောင်အဲ့ဒီ့နယ်က မျိုးဆက်သစ် သမီးပျိုလေးတွေ လုံခြုံအောင် ကူညီပေးနိုင်ခဲ့ရဲ့နဲ့ ကျွန်မ ဘာပါတီစွဲမှ မရှိပါဘူး ဘယ်ဘက်ကမှ မဟုတ်ပါဘူးလို့ အတန်တန်ပြောနေရဲ့သားနဲ့တောင် ပါတီနာမည်ဖျက်မှု့နဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်ခံနေရပါလား ကွယ်တို့။

မျိုးဇော်ထွေးပြောခဲ့သမျှ သူ့ဖေ့စ်ဘုတ်ပေါ်တင်ခဲ့သမျှ သူစွမ်းစွမ်းတမံ လူမှု့ရေးတွေလုပ်ခဲ့သမျှ သူဟာ ဘယ်သူဘယ်ဝါ ဘာပါလို့ အမည်ဖေါ်ပေးရုံသက်သက် သူဘယ်သူပါလို့ ဖေါ်ပြီး သူ့မျက်နှာဖုံးကို စွဲချွတ်ခဲ့ရုံသက်သက် ကိုယ်သိသမျှ အမှန်အတိုင်း ဖွင့်ချပြရုံနဲ့ ငါ့ဘဝလဲ ချဉ်ပတ်မဖြစ် သူတို့ပြောနေတဲ့ ဖွတ်မကြီးကို ဖြစ်ကရောဟယ်။

အခုတော့ အဖွဲ့အစည်းအသီးသီးက ဌါနဆိုင်ရာအသီးသီးက မျိုးဇော်ထွေးဟာ သူတို့နဲ့ဘာမှ မပတ်သက်သူဖြစ်ကြောင်း ကျွန်မဟာ သေချာမစုံစမ်းဘဲ ပို့စ်တင်ခဲ့ကြောင်း အပြစ်တင် ကျွန်မကို လာရောက်ပြောဆိုနေကြတာမှ စစ်ပွဲဖြစ်နေသလားတောင်မှတ်ရတယ်။

ကျွန်မတို့ လူမျိုးတွေ ဘာမှားနေကြပါလိမ့်ရှင် မုဒိန်းကောင်ကို သတင်းပေးဖေါ်ထုတ်သူဟာ ဖေါ်ထုတ်ပေးခဲ့တာ ကျေးဇူးမတင်ချင်နေပါ ပါတီသိက္ခာကျအောင်ချလို့ဆိုပြီး တရားစွဲမယ်ဆိုတာက ဘာပါလိမ့်ရှင်။ နိုင်ငံရေးလှည့်ကွက်တွေ ကျွန်မတကယ်မသိပါဘူး။ သိလဲ မသိချင်ပါဘူး။ မနေ့ညနေ ကျွန်မပို့စ်တင်ပြီးပြီးချင်း ပခုက္ကူ NLD က ကလေးတစ်ယောက် ချက်ချင်းဖုန်းခေါ်ခဲ့ပါတယ် အမရေ အဲ့ဒီ့လူဟာ NLD ပါတီနဲ့ အခုလုံးဝမဆိုင်တော့ပါဘူး အမတဲ့ ဟိုတုန်းက ဆိုင်ချင်ဆိုင်ခဲ့မယ်လို့ အဓိပ္ပါယ်ရတဲ့ သူ့စကားကို မသင်္ကာလို့ မောင်လေး အမဟာ ဖွတ်မဟုတ်ဘူးနော် ဒါရှက်စရာမဟုတ်ဘူး အမတို့ လူကြီးတွေ ရိုးသားပြရုံသာဘဲ အတင်းဖုံးဖို့ မကြိုးစားပါနဲ့ မှားလိမ့်မယ် ဒါမှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ အမ မဖျက်ပေးနိုင်ဘူးလို့ဘဲ ပြောခဲ့ပါတယ်။

လောကကြီးမှာ အမှန်တရားဟာ ဘာလဲ။ ပါတီသာ တကယ်နစ်နာခဲ့ရင် ဒီလိုလီဆည်ခဲ့သူကို အဲ့ပါတီတာဝန်ရှိသူက စံပြအနေနဲ့ တရားစွဲပြရမှာပါ။ ဒီလို လူအထင်ကြီးအောင် အရေခြုံအထပ်ထပ်နဲ့ အမျိုးသမီးလေးတွေကို ဖျက်ဆီးခဲ့သူ မျိုးဇော်ထွေးကို ပါတီအကြည်ညိုပျက်အောင် လုပ်မှု့နဲ့သာ တရားစွဲပေးရင် ပြီးမဲ့ကိစ္စကို ဘာမဆိုင် ညာမဆိုင် အမှု့ဖေါ်ပေးသူကို တရားစွဲမယ်ဆိုတော့ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ မြန်မာပြည်က အမှန်တရားချစ်မြတ်နိုးသူတွေ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ဘယ်နားသွားအိပ်နေကြသလဲ မေးပါရစေရှင့်။

By ခင်လင်းလင်းဖြူ”

အဆိုပါ အကြောင်းအရာကို လူမှုကွန်ရက်တွင်တင်ထားသလို အမြင်စကားပြောကြားသူ၊တစ်ဆင့်ပြန်လည်မျှဝေသူတွေရှိပါတယ်။လက်ရှိမှာတော့မျိုးဇော်ထွေး အကောင့်ကို မတွေ့ရှိသလို လက်ရှိတွင် မျိုးဇော်ထွေး မှာ ပုဒ်မ ၃၇၆ ဖြင့်ရဲစခန်းမှာ တိုင်ကြားခြင်းခံထားရပါတယ်။

Source: ခင်လင်းလင်းဖြူ ဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။