သရုပ်ဆောင် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ သရုပ်ဆောင်ကောင်းသလို အသံချိုချိုလေးတွေနဲ့လည်း ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေအပြင် သီချင်းအခွေလေးပါ ထွက်ရှိအောင်မြင်ထားတဲ့ နန်းမြတ်က အခုတော့ သူချစ်ရတဲ့မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေတာ ဖြစ်ပါတယ်။ မကြာခင်ကမှ သားလေးမွေးဖွားထားတဲ့ နန်းမြတ်က တစ်သားမွေးတစ်သွေးလှတဲ့ ကလေးမေမေတစ်ယောက်လည်း ဖြစ်ပါတယ်။

သားလေး Jack Jack ကတော့ ဖေဖေတာတာမျိုးနဲ့ မေမေနန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံရဲ့ ပထဆုံးရင်သွေးရတနာလေးပဲ ဖြစ်ပါတယ်။ မွေးကင်းစအရွယ်ကတည်းက ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ နန်းမြတ်ရဲ့သားလေးက အခုဆိုရင် အသက် (၃) လကျော်ရှိနေပြီ ဖြစ်ပါတယ်။ လတ်တလောမှာလည်း နန်းမြတ်တို့ဇနီးမောင်နှံက ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ ပျော်ပျော်ပါးပါး ခရီးထွက်နေတာ ဖြစ်ပါတယ်။

နန်းမြတ်က ချစ်ရတဲ့သားလေးကို ရင်ဝယ်ပိုက်ပြီး မန္တလေးရွှေမြို့တော်ကြီးမှာ လျှောက်လည်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း နန်းမြတ်က " မိသားစုလေးတစ်စုဖြစ်လာပီ " ဆိုပြီး သူတို့မိသားစုလေးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သားလေးနဲ့အတူ ပထမဆုံးခရီးထွက်နေတဲ့ နန်းမြတ်ဖြိုးသင်းတို့မိသားစုလေးရဲ့ ခရီးသွားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nann Myat Phyo Thinn; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။