ပရိသတ်ကြီးရေ တည်ကြည်ခန့်ညားတဲ့ဥပဓိ ရုပ်ကိုပိုင်ဆိုင်ထားသူကတော့ မင်းသားချောလေး မိုးယံဇွန်ပဲဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားခေတ်တည်းက နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ကျန်းမာရေးလည်း ပုံမှန်လိုက်စားသူတစ်ယောက်ဖြစ်ပြီး အမိုက်စားBodyလေးကို ပိုင်ဆိုင်ထားသူပါ။  

လတ်တလောမှာလည်း ချစ်သူလေးနဲ့ချစ်သက်တမ်းလေးလပြည့် အခမ်းအနာလေးကို ရိုမက်တစ်ဆန်ဆန်ကျင်းပထားတာပါ။ ပရိသတ်တွေကိုလည်း ချစ်သူလေးရဲ့ပုံရိပ်လေးကို တိတိကျကျဖော်ပြခြင်းမရှိသေးတာကြောင့်လည်း ပရိသတ်တွေကလည်း မိုးယံဇွန်ရဲ့ချစ်သူလေးကို စိတ်ဝင်စားနေကြတာပါ။ သူဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

မိုးယံဇွန်ဟာ လတ်တလောမှာ လူမှုကွန်ယက်စာမျက်နှာတွင်နာမည်ကြီးခေတ်စားနေတဲ့ Bottle Cap Challenge လေးကိုမျက်စိတစ်မှိတ်အတွင်းမှာအောင်မြင်စွာလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " မသေမသပ်ကို့ရို့ကားယားဆိုပေမယ့်

အဖုံးလေးတော့လွင့်သွား

#narzbambam #happy #memo " ဆိုပြီး ဗီဒီယိုလေးကို ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက် မိုးယံဇွန်ရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Moe Yann Zune

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။