မုန်းစွဲဇာတ်ကားမှာစတင်ပြီး လူသိများခဲ့တဲ့ ဇွဲဝေယံထူးနဲ့ ဇွဲဝေယံထက်တို့ နှစ်ယောက် သားဟာ လက်ရှိမှာတော့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝပိုင်ဆိုင်နိုင်နေပြီ ဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်ကြီးတွေအဖြစ်နဲ့ ဘဝတက်လမ်းတွေအပြည့်အဝ မြင်တွေ့နေရတဲ့ ဒီကလေးလေးနှစ်ယောက်ဟာ အရမ်းကိုလည်သလို စကားလည်းတတ် တာမို့ ဖေဖေ မေမေ ပရိသတ်တွေရဲ့အသည်းကျော်လေးတွေဖြစ်လို့နေပါတယ်။ ပီပြင် ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ အားလုံးကိုဖမ်းစားနိုင်ခဲ့တဲ့ ကလေးသရုပ်ဆောင် လေးနှစ်ယောက်ထဲက ဇွဲဝေယံထူးဟာတော့ " ကျွန်တော်အမုန်းဆုံးကျွန်တော် " ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တော့မှာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းကန်တော့ပွဲပေးအခမ်းအနားကို ရွှေတိဂုံဘုရားမှာပြုလုပ်ခဲ့ကြပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေအများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဆိုတော့ အသက်အရွယ်ရလာတာနဲ့ မင်းသားလေးတွေဖြစ်လာမယ့် တောက်မယ့်မီးခဲတရဲရဲလိုပေါ့ပရိသတ်ကြီးရေ။ လက်ရှိ မှာတော့ ကြော်ငြာလေးတွေရိုက်ကူးနေပြီး ဒီဇာတ်ကားကတော့ ဇွဲထူးလေးအတွက် ပထမဆုံးဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ဇာတ်ကားကန်တော့ပွဲပေးနေတဲ့ပုံရိပ်တွေကို " ယနေ့ ကျွန်တော်အမုန်းဆုံးကျွန်တော် ဇာတ်လမ်းတွဲ ကန်တော့ပွဲ ဇွဲထူးလေးကိုအားပေးပါခင်ဗျာ " ဆိုပြီး မေမေက လူမှု ကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇွဲထူးလေးတစ်ယောက် ဒီဇာတ်လမ်းမှာဘယ်လိုတွေသရုပ်ဆောင်ပြီးအားလုံးကိုဖမ်းစားမယ်ဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပေါ့နော်။

Photo - Zwe Waiyan Htet / Zwe Waiyan Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။