သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ မင်းသမီးစံရတီမိုးမြင့်ဟာဆိုရင် ချစ်ဖို့ကောင်းတဲ့မျက်နှာထားလေးနဲ့ ပရိသတ်ကြီးရဲ့အချစ်တွေကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။ မြန်မာဗီဒီယိုလောကစတင်ခေတ်စားလာကတည်းက အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ကျန်းမာရေးအခြေအနေကြောင့်အနုပညာအလုပ်တွေသိတ်မလုပ်နိုင်တေ့ာပင်မဲ့ ပရိသတ်အများအပြားရဲ့ အားပေးမှုကိုဆက်လက်ပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။ စိတ်ထားဖြူစင်ပြီး ရိုးသားပွင့်လင်းတဲ့သူမဟာဆိုရင်စာဖတ်ဝါသနာပါသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဘဝကိုအေးချမ်းပျော်ရွှင်စွာနဲ့လျှောက်လှမ်းနေတာဟာ သူမရဲ့ပရိသတ်တွေပို့သတဲ့မေတ္တာကြောင့်လို့ပြောရင်လည်းမှားမယ်မထင်ပါဖူးနော်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်လ်၊ သရုပ်ဆောင်ပိုင်တံခွန်ကိုလည်း သိကြမယ်ထင်ပါတယ်...။ သူဟာဆိုရင် အခုလတ်တလောမှာ ထိုင်းနိုင်ငံရဲ့ ပရိသတ်တွေကိုလည်း ရရှိထားပြီး သတင်းတွေမှာအစ ဖော်ပြခံခဲ့ရတာပါနော်...။ အားကျဖွယ် အမိုက်စား six pack ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပြီး gym ကိုနန်းစနစ်ကျကျ အချိန်မှန်စွာ ဆော့တဲ့ အတွက်ကြောင့်လို့လည်းပြောရမှာပါ..။ မင်းသမီးစံရတီမိုးမြင့်နဲ့၊ မော်ဒယ်လ်ပိုင်တံခွန်တို့ဟာဆိုရင် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီးအနုပညာ မောင်နှမတွေလို့ ဆိုကြရမှာဖြစ်ပါတယ်...။

စံရတီမိုးမြင့်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram စာမျက်နှာတို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ပိုင်တံခွန်နဲ့အတူ "စိန်နန်းတော်" ရတနာဆိုင်ကြီးရဲ့ ကြော်ငြာရိုက်ကွင်းပေါ်မှာ ရိုက်ကူးထားခဲ့တဲ့ အမှတ်တရ ပုံရိပ်တွေကို သူမရဲ့ official acc တွင် ပြန်လည်တင်ဆက်ပြသထားတာပါနော်...။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source San Yati Moe Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။