မိတ်ကပ်ပညာနဲ့ပတ်သက်ပြီးအနုပညာလောကမှာသာမက ပြင်ပမှာပါ လူကြိုက်များတဲ့ မိတ်ကပ်ဆရာတစ်ဦးဖြစ်လာတဲ့ မေဦး နဲ့ လိင်တူချစ်သူ ဟန်လင်းတို့ ရဲ့ အချစ်ရေးကတော့ လူပြောများလျက်ရှိပါတယ်။

လိင်တူချစ်သူတွေဖြစ်ကြတဲ့ မေဦး နဲ့ ဟန်လင်းတို့ စုံတွဲ ဟာ ကိုရီးယား ဆိုးလ်မြို့မှာ ပြုလုပ်မယ့် Educe House Myanmar ရဲ့ ဖိတ်ကြားတဲ့ပွဲကို တက်ရောက်ဖို့ ဧပြီလ(၂၀)ရက်နေ့ထဲက ထွက်သွားတာဖြစ်ပါတယ်။

အခုဆိုရင် ဆိုးလ်မြို့ကိုရောက်ရှိနေတဲ့ မေဦးတို့စုံတွဲကတော့ အလုပ်လဲလုပ် ၊နှစ်ယောက်သားကြည်ကြည်နူးနူးဓာတ်ပုံလေးတွေရိုက်ကာ ဖေ့ဘုတ်စ်မှာ တင်ထားပြန်ပါတယ်။

ပုံမှန်စုံတွဲတွေတောင် အားကျရလောက်တဲ့ စိတ်ချမ်းသာစရာအချစ်ရေးပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာတောင် အတော်လေး လူပြောများနေပါတယ်။

ဝေဖန်သူတွေရှိသလို ကိုယ့်ရဲ့ရပ်တည်မှုနဲ့ကိုယ် ပျော်ပျော်နေတတ်တဲ့ သူတို့စုံတွဲကို အများကလည်း ချီးကျူးစကားဆိုကြပါတယ်။  

သတင်းအရင်းမြစ် MayOo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။