အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းလွန်းတဲ့ မော်ဒယ်သရုပ်ဆောင်သန္တာဗိုလ်ကတော့ Club ထဲမှာ လုံလုံခြုံခြုံ Fashion လေးနဲ့ အရမ်းကို မိမိုက်လွန်းနေပါတယ်။ ရင်ခုန်ချင်စရာ ကောက်ကြောင်းအလှတွေဟာအချိန်တိုင်းမှာဖမ်းစားနိုင်လွန်းတာမို့ ကိုကိုပုရိသတို့ရဲ့ အသည်းကျော်တစ်ယောက်ဆိုလည်း မမှားဘူးပေါ့ပရိသတ်ကြီးရေ။ ချစ်သူကောင်းပြည့်နဲ့ ချစ်သက်တမ်း ၇ နှစ်လောက်ရှိနေပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဒီနေ့အထိ နားလည်မှုတွေ ယုံကြည်မှုတွေအပြည့်နဲ့ အတူတူလက်တွဲလာခဲ့ကြတာလည်း အားကျ စရာပါပဲ။

အနုပညာအလုပ်တွေကို အတူတူလက်တွဲလုပ်ကိုင်လာခဲ့ပြီး လက်ရှိမှာလည်း နှစ်ယောက်လုံးက ပရိသတ်အားပေးတဲ့ အနုပညာရှင်တွေအဖြစ်နဲ့ နေရာတစ်နေရာစီ ရနေကြပြီပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ မင်္ဂလာသတင်းလေးကိုအားလုံးကလည်း မျှော်လင့်နေကြပြီး လက်ရှိအချိန်ထိတော့ နှစ်ယောက်လုံးက အနုပညာအလုပ်ကိုပဲ အာရုံစိုက်ပြီး တစ်ယောက်ကိုတစ်ယောက်လည်း အပြန်အလှန်အချိန်ပေးပြီး ပျော်စရာ အချိန်လေးတွေကို အတူတူကုန်ဆုံးတတ်ပါသေးတယ်။

တကယ့် Romantic ဆိုတာ နှစ်ယောက်အတူတူရှိနေတဲ့အချိန်တွေပါပဲ။ အချိန်တွေ ဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် ပိုပိုတိုးပြီးသာချစ်လာကြတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့နှစ်ယောက်ရဲ့အချစ်ရေးလေးကလည်း တကယ့်ကို ကြည်နူးစရာပါ။ ဒီတစ်ခေါက်တော့ သန္တာဗိုလ်တစ်ယောက် Club ထဲမှာ အတိုအပြတ် တွေနဲ့မဟုတ်ပဲ ဘောင်းဘီအရှည်ကို crop top လေးနဲ့ လိုက်ဖက်ကြည့်ကောင်းအောင် ဝတ်ဆင်ထားတဲ့သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှလိုက်တာမို့ ပြန်လည်တင်ဆက်ပေးလိုက်ပြီ နော်။

Photo - Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။