Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်တစ်ပွဲဖြစ်သည့် ရှမ်းယူနိုက် တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ပွဲတွင် အိမ်ရှင်အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရှုမ်းယူနိုက်တတ်အသင်းရဲ့အိမ်ကွင်းဖြစ်တာကြောင့် ရှုမ်းယူနိုက်တတ်အသင်းကို ကြက်သီးထစရာကောင်းလောင် အောင် ပရိသတ်တွေတခဲနက်အော်ဟစ်အားပေးခဲ့ပါတယ်။

ဟံသာဝတီအသင်းအတွက် ဦးဆောင်ဂိုးကို ရွှေလှိုင်ဝင်းက သွင်းယူပေးခဲ့သည်။ပွဲချိန် ၄၀ မိနစ်တွင် ဟံသာဝတီအသင်းမှ ဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ကွင်းလယ်လူ ပိုဒါက သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ပထမပိုင်းအပြီးတွင် ဟံသာဝတီအသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့်ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ပြီး သုံးမိနစ်အကြာတွင် ရှမ်းအသင်းမှ ပထမချေပဂိုး ရရှိခဲ့ပြီး ဟံသာဝတီအသင်း ဂိုးသမားကိုကိုနိုင်မှ ကိုယ့်ဂိုး ကိုယ်ပြန်လည်သွင်းယူမိခဲ့ခြင်းဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်တွင် ရှမ်းအသင်းမှ ပင်နယ်တီရရှိခဲ့ပြီး မက်ဆီမန်မှ အမှားယွင်းမရှိကန်ကာ ဒုတိယချေပဂိုး သွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးကို အချိန်ပိုမှာဟိန်းသီဟဇော်က သွင်းယူပေးခဲ့ကာ ပွဲအပြီးတွင် အိမ်ရှင်အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ရှုမ်းယူနိုက်တတ်အသင်ကို ကြက်သီးထစရာကောင်းလောင် အောင်အော်ဟစ်အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: MYANMAR NATIONAL LEAGUE

VIDEO း Shan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။