ပြည်သူချစ် အနုပညာရှင်များဖြစ်ကြတဲ့ ဆုမြတ်နိုးဦး၊ ကျော်ကျော်၊ ညီထွဋ်ခေါင် တို့သူငယ်ချင်းသုံးယောက် ဖွဲ့စည်းထားတဲ့ "N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့ facebook gp လေးဟာဆိုရင် fan အတော်အများကို ရရှိထားတာပါ..။ သူတို့သူငယ်ချင်းသုံးယောက်ဟာဆိုရင် အကျင့်တူ၊ စရိုက်တူ၊ ဝါသနာတူတွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးပြီးစနောက်လေ့ရှိတာပါနော်...။ သူငယ်ချင်း သုံးယောက်လုံးဟာဆိုရင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုကိုယ်စီနဲ့ လျှောက်လှမ်းနေကြတာဖြစ်ပါတယ်...။


မော်ဒယ်လ် လောကကနေ သရုပ်ဆောင်မင်းသမီးဘဝသို့ ဝင်ရောက်လာတဲ့ ဆုမြတ်နိုးဦးဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလက်ခံရိုက်ကူးထားတာဖြစ်ပါတယ်...။ ကျော်ကျော်၊ ညီထွဋ်ခေါင် တို့ဟာဆိုရင်လည်း ပရိသတ်ကိုယ်စီနဲ့ အနုပညာအလုပ်တွေကို ပရိသတ်တွေအတွက် ကြိုးစားလုပ်ကိုင်ပေးနေတာပါ...။ သူတို့သူငယ်ချင်းသုံးယောက်လုံးဟာ အစားအသောက်ဝါသနာပါသူတွေဖြစ်ကြပြီး အိမ်မှာ အစားအသောက်လုပ်စားကြတာကို live လွှင့်ပြီး ဝေမျှပေးခဲ့တာကို အားလုံးပဲသိရှိကြမှာပါ..။ အပန်းဖြေခရီးတွေလည်း မကြာခဏဆိုသလို ထွက်လေ့ရှိပြီး ဓာတ်ပုံလေးတွေက သူတို့သူငယ်ချင်းသုံးယောက်ရဲ့ ရင်းနှီးမှုကို ထင်ဟပ်ပြသနေတာပါ....။

ဆုမြတ်နိုးဦးဟာဆိုရင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဖက်ရှင်အလန်းစားနဲ့ အမြဲစမတ်ကျ လှပနေသူတစ်ယောက်ပါနော်...။ ကျော်ကျော်၊ ညီထွဋ်ခေါင်တို့သူငယ်ချင်းနှစ်ယောက်ဟာဆိုရင်လည်း အမြဲ ခန့်ညားနေပြီး ယောက်ျားပီသ သပ်ရပ်နေတာပဲဖြစ်ပါတယ်..။ "တစ်ခါ တစ်လေ ကျရင် အဲ့လိုဆိုင်ကယ်ကြီးတွေစီးပီး သူငယ်ချင်းတွေ မြန်မာနိုင်ငံအနံှ့ လျှောက်သွားချင်တယ်" ဆိုတဲ့ စာသားလေးနဲ့တင်ဆက်ထားထာကို Myanmarload ပရိသတ်ကြီး သရှိခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။