ချစ်ဖို့ကောင်းတဲ့အသံချိုချိုလေးနဲ့ popသီချင်းအေးအေးလေးတွေကို သီဆိုတတ်ပြီးတော့ ပရိတ်သတ်တွေရဲ့ရင်ထဲမှာ ခံစားမှုရသအမျိုးမျိုးကိုဖြစ်ပေါ်စေတဲ့ သံစဉ်လေးတွေနဲ့ အမြဲတမ်းလိုလိုအံအားသင့်စေခဲ့တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်လေးဝိုင်းလေးကိုမသိတဲ့သူမရှိပါဘူးနော်။သူမဟာ အခုအချိန်မှာအောင်မြင်နေတဲ့ လူငယ်တေးသံရှင်တွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူး ပရိတ်သတ်ကြီးရေ...။

အနုပညာပါရမီပါသူလေးတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ မဆုတ်မနစ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုတိုနဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်နေခဲ့ရပါတယ်နော်။ အခုနောက်ပိုင်းမှာဆိုရင်လည်းသူမဟာ သူမချစ်တဲ့ပရိတ်သတ်တွေအတွက် အနုပညာအလုပ်တွေကိုအရင်ကထက်ကြိုးစားပြီး ဆက်တိုက်လုပ်လာနေခဲ့တာကိုတွေ့ရပါတယ်နော်။

သူမဟာ Tik Tok လေးတွေ အရမ်းကြီးမကစားတတ်ပေမယ့်တခါတလေတော့ သူကစားထားတဲ့ဗီဒီယိုဖိုင်လေးတွေကို ချစ်ပရိတ်သတ်တွေကိုမျှဝေပေးလေ့ရှိပါတယ်နော်။ အခုတစ်ခါမှာလည်း တကယ့်ကိုရီးယားမလေးလိုမျိုး ကိုရီးယားစကားကို တတွတ်တွတ်ပြောကာ သရုပ်ဆောင်ထားတဲ့ ချစ်ဖို့ကောင်းတဲ့ Tik Tokလေးကို သူမချစ်တဲ့ ပရိတ်သတ်တွေအတွက် လူမှုစာမျက်နှာပေါ်မှာဖော်ပြထားတာကိုတွေ့ရပြန်ပါတယ်နော်။ကဲ... ကြည့်လေကြည့်လေ ပိုပိုပြီးချစ်စရာကောင်းလေးဖြစ်နေတဲ့ ဝိုင်းလေးရဲ့ အသည်းယားစရာ Tik Tok ဗီဒီယိုဖိုင်လေးကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source : Wyne Lay

Photo Crd : M O U S E

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။