ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေပြီး ကျရာဇာတ်ရုပ်တွေကို အကျွမ်းကျင် အပိုင်နိုင်ဆုံး ကြိုးစားတတ်တဲ့ မင်းသားချောကတော့ ပရိသတ်တွေရဲ့ အသည်းကျော် ဒေါင်းပဲ ဖြစ်ပါတယ်နော်..။

မင်းသားဒေါင်းကတော့ ပီပြင်တဲ့ သဘာဝဇာတ်ရုပ်တွေကို အကောင်းဆုံးကြိုးစား သရုပ်ဆောင်နိုင်ပြီး မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကိုလည်း အများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်..။


ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ မင်းသားချောလေးဒေါင်းကတော့ အခုတစ်ခါမှာလည်း မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့အတူ “ဝတ်လဲတော်ပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့အတွက် ဖြုံဘူးရွာကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ရောက်ရှိနေပါတယ်နော်..။

“ဝတ်လဲတော်ပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုကျီးညိုနဲ့ ခင်နှေင်းအဖြစ် ပါဝင်သရုပ်ဆောင်သွားကြမှာဖြစ်ပြီး ဒေါင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဇာတ်ကောင်အတွက် ကြိုတင်လေ့လာမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်နော်..။


အခုတစ်ခါမှာလည်း ကိုကျီးညို ဇာတ်ရုပ်အတွက် လယ်ထွန်တာနဲ့ နွားလှည်းမောင်းတာကို လေ့လာသင်ယူနေပြီး ကိုယ်တိုင်အပင်ပန်းခံ လေ့ကျင့်နေတာမို့ ဇာတ်ကောင်အတွက် ကြိုးစားနေတဲ့ ဒေါင်းကို ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

ကိုယ်တိုင်အပင်ပန်းခံ လယ်ထွန်ပြီး နွားလှည်းမောင်နေတဲ့ ဒေါင်းရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - U Phoe Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။