ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလမ်းကြောင်းပေါ်မှာ တစ်ချိန်က ပရိတ်သတ်တွေရဲ့အားပေးမှုတွေကို များစွာသိမ်းပိုက်ထားနိုင်ခဲ့ပြီး ရုပ်ရှင်ဗီဒီယိုလောကနဲ့ ကြော်ငြာတွေဟာ နေရာအတော်လေးယူခဲ့တဲ့ သရုပ်ဆောင်မင်းသမီးချောလေးဆုပန်ထွာဆိုတာနာမည်ကျော်လေးပါ ပဲနော်။ သူမဟာ အိမ်ထောင်ကျပြီးသွားနောက်မှာတော့ အရင်လိုအနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ပဲ အလှမ်းကွာခဲ့ရပါတယ်နော်။

သူမဟာ အခုဆိုရင် ပရိတ်သတ်တွေအားကျရလောက်တဲ့ နားလည်မှုတွေအပြည့်နဲ့ ထည်ဆောက်ထားတဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကိုပိုင်ဆိုင်ထားပါတယ်နော်။ပြီးတော့ သူမကိုအရမ်းအလိုလိုက်ပြီး အရမ်းချစ် အရမ်းဂရုစိုက်ပေးတဲ့ ချစ်ခင်ပွန်းနဲ့ သူမရဲ့အသက်တမျှချစ်ရတဲ့သားလေးRoar Roarလေးကိုပိုင်ဆိုင်ခွင့်ရထားသူလေးပါနော်။

ကလေးတစ်ယောက်မိခင်လို့ကို ဘယ်နည်းနဲ့မှမထင်ရလောက်အောင် နုပျိုနေတဲ့ သူမဟာ အသက်အရွယ်အရသာ အနည်းငယ်ပြောင်းလဲသွားပေမယ့် အလှတရားတွေကတော့အရင်ကထက်လျော့မသွားခဲ့ပါဘူးနော်။ အခုလည်း ပုဂံမြေကစင်မြင်ထက်မှာ သူမရဲ့ ခပ်ပြည့်ပြည့် ခန္ဓာကိုယ်လေးနဲ့ လှပစွာယိမ်းရင်း ကရင်း အမိုက်စားသံစဉ်လေးတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပြန်ပါတယ်နော်။ကဲ... ပရိတ်သတ်တွေ ဝက်ဝက်ကွဲအားပေးကြမ်းခဲ့ကြတဲ့အထိ အလန်းစားဖျော်ဖြေခဲ့တဲ့ ဆုပန်ထွာရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Supan Htwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။