ရာသီဥတုဖောက်ပြန်လာတာနဲ့ အမျှ ငလျင်ဘေးအန္တရယ်များကိုလည်း ရင်ဆိုင်လာရကြပါတယ်။ ဒဏ်ကြီးသုံးပါး ဖြစ်တဲ့ လေဒဏ် မိုးဒဏ် ငလျင်ဒဏ်တွေဟာ တစ်မျိုးပြီးတစ်မျိုးဖြစ်ပေါ်လျက်ရှိကြပါတယ်။ မဖြစ်ခင်ကြိုတင်ကာကွယ် ဆိုတဲ့စကားအတိုင်း ဇာတ်တိုက်လေ့ကျင့်ပေးတဲ့ အစီစဉ်တွေကို လုပ်ဆောင်လျက်ရှိနေပါတယ် ။ ဒါကြောင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား ထိထိရောက်ရောက် ကူညီကယ်ဆယ် နိုင်ရေးအတွက် မြိတ်ခရိုင်မီးသတ် ဦးစီးဌာနမှ ငလျင် ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကမ်းနားလမ်း သဲကွင်းတွင် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ 

ဇာတ်တိုက်လေ့ကျင့်ရာတွင် သတင်းရရှိသည်နှင့် အခင်းဖြစ်ပွားရာသို့ ယာဉ်အုပ်စုများထွက်ခွာခြင်း၊ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးပြီး မီးလောင်နေသော အဆောက်အဦအား မီးငြိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ ရွက်ဖျင်တဲထိုး၍ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး အဆောက်အဦအတွင်း ပိတ်မိနေသူများကို ဝင်ရောက်ကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုခြင်း၊ လူနာတင်ယာဉ် ဖြင့် ဆေးရုံပို့ဆောင်ခြင်းကို ဇာတ်တိုက်လေ့လေ့ကျင့်ခဲ့ပါတယ်။

ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ Heavy Rescue & Towing Vihicle (6×6) (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၂)စီးဖြင့် ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များ၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်အောင်ထွန်း ဦးဆောင်၍ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူးမှ ဇာတ်တိုက်လေ့ကျင့်မှု အားသာချက် အားနည်းချက်များကို တပ်ဖွဲ့ဝင်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။

MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။