ရွှေစုံတွဲဆိုတာ မြန်မာပြည်ရဲ့ထိပ်တန်းစုံတွဲတွေထဲမှာပါတယ်ဆိုတာ အသေအချာပါပဲ။ နှစ်ယောက်သားအိမ်ထောင်သက် ရှစ်လအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင်ကိုချစ်ကြလွန်းလို့ မြင်သူတိုင်းကအားကျ လွန်းနေရပါတယ်။ အပြန်အလှန် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တွဲထားခဲ့တဲ့ လက်တွေဟာ ပိုပိုပြီးခိုင်မြဲလာခဲ့ပါတယ်။ နှစ်ယောက်တစ်ဘဝထူထောင်ကြတဲ့ ခရီးလေး မှာ မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့တကယ့်ကိုကြည်နူးစရာပါ။

အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ကြိုးစားနေတဲ့ နှစ်ယောက်သားက အားတဲ့ အချိန်လေးမှာလည်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် support ပေးရင်း နှစ်ယောက်လုံးရဲ့ အနုပညာအရည်အသွေးတွေကို မြှင့်တင်နေကြပါတယ်။ ဒီနေ့မှာ လည်း နှစ်ယောက်သားက ရွှေထူးသရုပ်ဆောင်ထားတဲ့ " ဒဏ္ဏာရီမိုး " ဇာတ်ကားကို အတူတူသွားကြည့်ကြပြီး ကြည်နူးနေတဲ့ ပုံလေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက် တာပဲဖြစ်ပါတယ်။

ချစ်ခင်ပွန်းရဲ့အောင်မြင်မှုတိုင်းအမြဲတမ်း အပြုံးတွေနဲ့ဝန်းရံပေးတတ်တဲ့ သဲကိုလည်း ခင်ပွန်းဖြစ်သူက သိပ်ချစ်ပြီး သိပ်အလိုလိုက်လွန်း တာကြောင့် သဲတစ်ယောက် သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားရတယ်ဆိုတာ သူမရဲ့အပြုံးတွေက သက်သေပြလို့ နေပါတယ်။ ရွှေစုံတွဲလို့ ပရိသတ်တွေပေးထားတဲ့ နာမည်လေးက တကယ့် ကိုထင်ဟပ်ပြီး နှစ်ယောက်သားရဲ့ရွှေရောင်အနာဂတ်တွေဟာ ပိုပြီးထွန်းလင်းနေမှာ အသေအချာပါ။

Photo - Htoo Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။