မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ရိုးသားဖြူစင်ပြီး စိတ်သဘောထားကောင်းတဲ့ ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်သဇင်က ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်လွန်းတာကြောင့် အားလုံးက ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ စိုးပြည့်က ပျော်ပျော်နေတတ်ပြီး အမြဲတမ်းပြုံးနေတတ်သူလေးမို့ အရမ်းကိုအရွယ်တင်နုပျိုနေတာ ဖြစ်ပါတယ်။

စိုးညီအစ်မတွေနဲ့အတူ ပိုးထည်ဆိုင်လေးကို အတူတူဦးစီးလုပ်ကိုင်နေတဲ့ စိုးပြည့်က ဇာတ်လမ်းတွဲလေးတွေမှာလည်း သရုပ်ဆောင်နေရပါတယ်။ အခုရက်ပိုင်းမှာတော့ စိုးပြည့်တစ်ယောက် " လူးလူးစိန် " ဇာတ်လမ်းတွဲလေးပြီးသွားလို့ ေြက်ာငြာလေးတွေ လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း စိုးပြည့်သဇင်က " ဇွဲထက် " ရတနာရွှေဆိုင်အတွက် Photo Shooting လေးတစ်ခု ရိုက်ကူးနေတာ တွေ့ရပါတယ်။

စွဲမက်ဖွယ် အလှတရားတွေနဲ့ မြင်သူငေးအောင်လှနေတဲ့ စိုးပြည့်က ရိုက်ကွင်းမှာ ပို့စ်လေးတွေ တစ်ခုပြီးတစ်ခု လုပ်ပြနေတာပဲ ဖြစ်ပါတယ်။ စိုးပြည့်ရဲ့ချစ်စရာအမူအရာလေးတွေနဲ့ ဗီဒီယိုလေးက ပုရိသတွေကို ရင်ခုန်သံတွေမြန်စေလောက်အောင် ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " ဇွဲထက် " ရတနာဆိုင် ရိုက်ကွင်းပေါ်က စိုးပြည့်သဇင်ရဲ့အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Soe Pyae Thazin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။