ဧပြီ ၂၂။ရန်ကုန်။ပုဇွန်တောင်မြို့နယ် သံမဏိနှင်းဆီ ဂျာနယ်တိုက်ခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ပတ်သတ်ပြီး ဆက်စပ်သံသယရှိသူတစ်ဦး ကို ထပ်မံ ဖမ်းဆီးရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

ပြစ်မှုကျူးလွန်သူ အောင်ကိုကိုရဲ့ ထပ်မံ ထွက်ဆိုချက်အရ သံမဏိနှင်းဆီ ဂျာနယ်တိုက်မှာ ပြစ်မှု ကျူးလွန်တဲ့ အခါ သူငယ်ချင်းဖြစ်သူ ပြည့်သူနိုင်(ခ)ဘုရားပွဲ(ခ)ဖြိုးသော်လည်း အတူပါဝင်ခဲ့တယ်လို့ ထပ်မံထွက်ဆိုခဲ့တဲ့အတွက် ဧပြီလ ၂၂ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြစ်မှုကျူး လွန်သူ ကို ဧပြီလ ၁၉ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပြီး အမှုနဲ့ပတ်သတ်တာကို အများပြည်သူအထင်အမြင်လွဲမှားမှု မရှိစေဖို့ ကနဦးသတင်းဖော်ပြထားပြီး ရဲလုပ်ငန်းများကိုဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိတယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

အမှုနဲ့ပတ်သတ်ပြီး အခင်းဖြစ်ရပ်မှ တွေ့ရှိခဲ့တဲ့ ဆံပင်ကိုလည်းမသင်္ကာသူနှစ်ဦးရဲ့ ဆံပင်များနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ဖို့ ဓာတုဗေဒ စစ်ဆေးရေးဌာနကို ပေးပို့ထင်မြင်ချက် တောင်းခံထားရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အမှုကို ဆက်လက်စုံစမ်းခဲ့ရာအမှုနဲ့သက်ဆိုင်တဲ့ သေဆုံးသူ အသုံးပြုခဲ့တဲ့ Toshiba အမျိုးအစား လက်တော့နဲ့ iphone SEလက်ကိုင်ဖုန်းကိုပြစ်မှု ကျူးလွန်သူ အောင်ကိုကို မှ ပြင်ဦးလွင်မြို့ (၆)ရပ်ကွက် မြို့ပတ်လမ်းရှိကန်တော်လေးကန်တွင် စွန့်ပစ်ခဲ့တယ်လို့ ထပ်မံ ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

အဆိုပါထွက်ဆိုချက်ကြောင့် ပြစ်မှုကျူးလွန်သူ အောင်ကိုကို ကို ခေါ်ဆောင်ပြီး ပြင်ဦးလွင်မြို့ကို ရေငုပ်သမား များရဲ့ အကူအညီ နဲ့ ရှာဖွေခဲ့ရာ ပစ္စည်းတွေကို ဧပြီလ ၂၁ရက်နေ့ မှာ ဆယ်ယူ သိမ်းဆည်း ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ကိုဝေယံဟိန်းနဲ့အသတ်ခံရမှုနဲ့ပတ်သတ်ပြီး ပြည်သူများ စိတ်ဝင်စားတဲ့ မှုခင်းဖြစ်တဲ့အတွက် ကနဦးသတင်းများကို ဖော်ပြခဲ့ပြီး ဖြစ်ပြီး အမှုအားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတဲ့ စစ်ဆေးပေါ်ပေါက်ချက်တွေကို ဆက်လက်အသိပေးဖော်ပြသွားမယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

သတင်းအရင်းမြစ် kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။