ချစ်သူစုံတွဲတွေဖြစ်လာကြာပြီးနောက်မှာ သွားအတူလားအတူစားအတူတွေရှိလာသလို ကိုယ့်ချစ်သူနဲ့လဲ အတူတူအိပ်တက်လာတက်ကြပါတယ်။ ချစ်သူနဲ့အတူတူခရီးသွားရတာပဲဖြစ်ဖြစ် စုံတွဲတွေပဲဖြစ်ဖြစ် အတူတူအိပ်ကြတဲ့အခါ ပုံစံအမျိုးမျိုးရှိကြပါတယ်။ လူတစ်ယောက်က တစ်ယောက်တဲ့အိပ်တဲ့ချိန်နဲ့ တခြား အိပ်တဲ့အချိန်တွေက မတူညီတက်ပါဘူး။ ခုဆိုရင်တော့ စုံတွဲတွေ အိပ်တဲ့အခါ ဘယ်လိုအိပ်ရင် ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာကို ဖော်ပြသွားတော့မှာပဲဖြစ်ပါတယ်။  

9.The Romantic Position

ဒီလိုပုံစံနဲ့အိပ်စက်ကျတဲ့ စုံတွဲတွေက ခပ်ရှားရှားပါပဲ....အဲလိုအိပ်ကျတဲ့အတွဲတွေကလဲ သူတိုအနေနဲ့ ချစ်သူနဲ့အတူ ပမဆုံးအကြိမ်အတူတူအိပ်ဖူးတာဖြစ်သလို ရန်ဖြစ်ပြီးပြန်တည့်တဲနောက် အိပ်တဲ့အခါမှာလဲ အခုလိုပုံစံနဲ့အိပ်တက်ပါတယ်။ စုံတွဲတွေရဲ့ ၁ရာခိုင်နှုန်းလောက်သာ ခုလိုအိပ်တက်ကြပြီး သူတို့အနေနဲ့လဲ ပိုမိုသက်သောင့်သက်သာ ရှိစေပါတယ်။ ခုလိုအိပ်စက်ခြင်း ပုံစံကို ချစ်ကြည်နူးဖွယ်ရာ အိပ်စက်ခြင်းလို့ခေါ်ပါတယ်။ 

8.The Spoon (Male Version)

ခုအိပ်စက်ခြင်းပုံစံကတော့ ကောင်လေးဖြစ်သူက ကောင်မလေးကို ကာကွယ်ပေးချင်တဲ့စိတ်ရှိတယ် ဘာမဆို သူ့အနားမှာ ကိုယ်ရှိနေတယ်ဆိုတာကို ဖော်ပြနေတဲ့ အိပ်စက်ခြင်းပုံစံပဲဖြစ်ပါတယ်။ ခုလိုအိပ်စက်ခြင်းကလဲ သူတို့ရဲ့အစွမ်းကို ပြသချင်တာကြောင့်လဲပါပါတယ်။ အပေါ်က အိပ်စက်ခြင်းလိုပါပဲ....ခုပုံစံကလဲ စုံတွဲတွေအိပ်တာရှားပါတယ်။ 

7.The Spoon (Female Version)

ခုအိပ်စက်ခြင်းကတော့ မိန်းကလေးဘက်ကနေ သူရဲ့ချစ်သူယောကျ်ားလေးဆိက နွေးနွေးထွေးထွေးဆက်ဆံမှုကိုလိုချင်လာတဲ့အခါ ခုလိုအိပ်တက်ကြပါတယ်။ ခုလိုအိပ်စက်တာကလဲ သူတို့တွေ ကာမစိတ်ကိုလိုလားတောင်းတလာတဲ့အခါမှာ အိပ်တက်ကြပါတယ်။ 

6.The Cherish Position

ခုအိပ်စက်တဲ့ပုံစံကတော့ ချစ်သူနှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် ကျောပေးအိပ်စက်တဲ့ ပုံစံပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ နှစ်ယောက်လုံးက နားနားနေနေ အပန်းဖြေအိပ်နေကြတာဖြစ်ပါတယ်။

5.The Liberty Position

ခုအိပ်စက်ခြင်းကတော့ အပေါ်က အိပ်စက်ခြင်းနဲ့တူပေမဲ့ တစ်ယောက်ကိုတစ်ယောက် အသားမထိထားကြပါဘူး။ ခုလိုအိပ်စက်ကြတဲ့ စုံတွဲတွေရဲ့ အဓိပ္ပာယ်ကတော့ တစ်ယောက်ကို တစ်ယောက် အချိန်အကြာကြီး အတူတူရှိလာခဲ့ပြီးချိန်မှာ တော်တော်လေးကို ရင်းနှီးကြတဲ့ ချစ်သူတွေပဲဖြစ်ပါတယ်။

4.The Hero Position

ဒါကတော့ အအိပ်ကြမ်းတဲ့ ကောင်လေးတွေပေါ့။ ကောင်မလေးဘက်ကတော့ အေးအေးလူးလူးအိပ်နေတက်ပြီး ကောင်လေးကတော့ စူပါမင်းလိုမျိုး လက်ကို့ ရှေ့ထုတ်ကာ အိပ်တက်တာပဲဖြစ်ပါတယ်။ ပြောချင်တာကတော့ ကောင်လေးကအမြဲ သူလိုချင်တာကိုရနေတာပဲဖြစ်ပါတယ်။ 

3.The Heroine Position

ဒါကတော့ အပေါ်က အိပ်စက်ခြင်းပုံစံနဲ့အတူတူပါပဲ....Wonder Woman လိုမိန်းကလေးပဲဖြစ်ကာ အဓိပ္ပာယ်ကတော့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးမှာ ကောင်မလေးက ကောင်လေးထက် ပိုမိုလွှမ်းမိုးမှုရှိပြီး အင်အားကြီးကြောင်းအဓိပ္ပာယ်ရှိပါတယ်။ 

2.The Pillow Talk Position

ခုလိုအိပ်စက်တာကတော့ The Liberty Position လိုပါပဲ....ဒါပေမဲ့ သူတို့က မျက်နှာချင်းဆိုင်အိပ်ကြပြီး တစ်ယောက်ကိုတစ်ယောက် ပြောဖို့ စကားလုံးတွေရှိပေမဲ့ တစ်ခုခုက သူတို့ကိုမပြောအောင်ဆွဲထားတာမို့ မပြောပဲ အိပ်တက်သွားကြတာဖြစ်ပါတယ်။ 

1.Lover's Knot

အရမ်းကို ချစ်ကြတဲ့ စုံတွဲတွေသာ အိပ်တက်ကြတဲ့ ပုံစံဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ခြေထောက်ခွအိပ်ကြကာ အဓိပ္ပာယ်တွေကတော့ တစ်ယောက်ကိုတစ်ယောက်နားလည်ကြပြီး ချစ်ကြတဲ့ စုံတွဲတွေသာလျှင် အိပ်ကြတဲ့ အိပ်စက်တဲ့ ပုံစံပါ။ ချစ်သူစုံတွဲတိုင်းအဆင်ပြေကြပါစေ.....။

Source : Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။