မပွတ်ကျွတ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ဝေါ်ခဲ့ကြတဲ့ မခိုင်လေးဟာ အသက်လေးဆယ် ကျော်အရွယ်ဖြစ်လာပေမယ့် လုံးဝထင်ရက်စရှာမရှိတဲ့ နုပျိုမှုတွေနဲ့ အရမ်းကိုလှပ တင့်ဆန်းလို့နေပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက်သမီးငယ်လေး ဟာလည်း မိခင်ခြေရာကိုအပြည့်အဝနင်းမယ့် တောက်မယ့်မီးခဲတရဲရဲလေးပါပဲ။ ကြော်ငြာလေးတွေရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကား တွေမှာတော့ ပါဝင်သရုပ်ဆောင်တာကို မတွေ့ရသေးပါဘူး။

ပျော်ရွှင်စရာမိသားစုဘဝလေးမှာ ဖေဖေရယ် မေမေရယ် သမီးရယ် မကြာခဏဆိုသလို ခရီးတွေထွက်ကြပြီး ပျော်စရာအချိန်လေးတွေကို သုံးယောက်အတူတူကုန်ဆုံးတတ်ကြပါ သေးတ.်။ ကိုယ်ပိုင်လုပ်ငန်းအဖြစ်နဲ့ အထည်ချုပ်လုပ်ငန်းအပြင် ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း ထူထောင်ထားပြီး ကိုယ်ဝါသနာပါရာ အနုပညာအလုပ်ကိုလည်း ဘဝတစ်ခုလုံး ရဲ့အချိန်တွေကိုပေးပြီး ပရိသတ်တွေအတွက်အမြဲတမ်း အကောင်းဆုံးတွေ တင်ဆက်ပေး ရင်းပျော်နေတတ်သူမခိုင်လေးပါ။

Myanmar's Got Talent ရဲ့ ဒိုင်တစ်ဦးအဖြစ်ပါဝင်အကဲဖြတ်ရသူတစ်ယောက်လည်းဖြစ် ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မခိုင်လေးတစ်ယောက် Myanmar's Got Talent ပွဲကိုတက်ရောက်ခဲ့တဲ့ သူမရဲ့ရင်ခုန်ဖွယ်ရာပုံရိပ်တွေကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဒီနေ့ထက်တိုင် လှနေဆဲ ခန္ဓာကိုယ်လေးဟာလည်း ကျစ်လျစ်နေဆဲဖြစ်တဲ့ မခိုင်လေးရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။