သဘာဝဇာတ်ရုပ်တွေအပြင် ပီပြင်တဲ့ အမိုက်စား သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် ဆယ်လီအနုပညာရှင်ကတော့ မင်သားချောလေး ဒေါင်းပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့အနုပညာရှင်အဖြစ် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးချစခင်မှုတွေကို အများဆုံးရရှိထားတဲ့ ဒေါင်းကတော့ လတ်တလောမှာ ဖြုံဘူးရွာကို ဇာတ်ကားရိုက်ကူးဖို့အတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်နော်..။


ပြီးခဲ့တဲ့ ရက်ပိုင်းစကတည်း ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်အရှေ့ဖက်ကမ်းရှိ ဖြုံဘူးရွာကို ရောက်ရှိနေတာဖြစ်ပြီး မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့အတူ တွဲဖက်ရိုက်ကူး သရုပ်ဆောင်သွားမှာ့ ဖြစ်ပါတယ်နော်..။

“ဝတ်လဲတော်ပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကိုကျီးညိုနဲ့ ခင်နှေင်းတို့အဖြစ် သရုပ်ဆောင်သွားကြမှာဖြစ်ပြီး အလှူအတန်းတွေကို ရက်ရောက်တတ်တဲ့ မင်းသားချောလေးဒေါင်းကတော့ ဖြုံဘူးရွာ ဆရာတော်ကို သင်္ကန်းကပ်လှူ ပုဇော်ခဲံတယ်လို့ သိရပါတယ်နော်..။


ဖြုံဘူးရွာဆရာတော်ဘုရားကြီးကို ရိုသေစွာနဲ့ ကိုယ်တိုင်ကိုယ်ကျ သင်္ကန်းကပ်လှူခဲ့တာဖြစ်ပြီး ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို တကယ်ပဲ အချစ်ပိုစေပါတယ်နော်..။

ဒီကနေ့လေးမှာောတ့ ချစ်ရတဲ့ ဒေါင်းရဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ပုံရိပ်လေးတွေကိုလည်း အလွမ်းပြေလေး ပြန်လည်မျှဝေပေးလိုက်တာမို့ အားလုံးပဲ သဘောကျနေကြမယ်လို့ ထင်ပါတယ်နော်..။

Photo - Thet Myat Noe၊ We Love Daung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။