ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးဟာဆိုရင် အစိမ်းရောင်သစ်တောရယ် ကျယ်ပြန့်လှတဲ့ ပင်လယ်ပြင်ကြီးးရယ် အဆုံးမရှိတဲ့ကောင်းကင်တို့နဲပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။ အဲ့လို အရာတွေကြောင့်ပဲအရမ်းကိုလှပါနေပါတယ်။ ကမ္ဘာကြီးလှပအောင် ကျွန်တော်တို့ပဲ ပြုလုပ်ကြပြီး ကျွန်တော်တို့ပဲဖျက်စီးနေကြတာပါ။ လူတွေစည်းကမ်းမဲ့စွာ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေနဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေဟာ အရမ်းကိုပဲ ဆိုးရွားပါတယ်။ တချို့သက်ရှိတွေအတွက် အဲ့လိုအရာတွေက သူတို့တွေအတွက် အသက်ရှင်နေထိုင်ဖို့ အရမ်းကို ခတ်ခဲလှပါတယ်။ 

စွန့်ပစ်ပစ္စည်းတွေက များသောအားဖြင့် ရေထဲသို့စွန့်ပစ်ကြတာများပါတယ်။ အဲ့လိုစွန့်ပစ်တဲ့အခါမှာ ရေအောက်သတ္တဝါတွေပဲ ထိခိုက်တာမဟုတ်ပဲ ကမ္ဘာပေါ်က တိရစ္ဆာန်တွေကိုပါထိခိုက်တာဖြစ်ပါတယ်။ India မှာရှိတဲ့ Kasadi မြစ်ဟာဆိုရင် လူတွေအမှိုက်ပစ်လွန်းအားကြီး ဓာတုပြောင်းလဲမှုတွေ ဖြစ်ကာ တော်တော်လေးကို အခြေအနေတွေဆိုးရွာသွားခဲ့ပါတယ်။ အဲ့မြစ်ကို လူတွေကဘယ်ချိန်မှ ထူးခြားတာကိုသိလဲဆိုရင် ခွေးတွေကို အပြာရောင် ပြောင်းလဲသွားမှာ သိရှိကြပါတယ်။  

ဟုတ်ပါတယ်.....ခွေးတွေကို အရောင်ဆိုးထားတာမဟုတ်ပဲ တကာ်ကို အပြာရောင်ဖြစ်သွားစေပါတယ်။ ခွေးတွေဟာ အဲ့ကန်ထဲကို ဆင်းပြီး ပြန်တက်လာတဲ့ချိန်မှာ အဲ့လိုအပြာရောင်ဖြစ်သွားတာပါပဲ။ လူတွေဘယ်လောက်တောင် စွန့်ပစ်လဲတော့မသိဘူး....ဒါပေမဲ့ ခုဖြစ်ရပ်ကတော့ မျက်မြင်ပဲလေ။ India ဟာလဲ အဲလိုညစ်ညမ်းတဲ့မြို့တွေထဲက တစ်ခုအပါအဝင်ပါပဲ...လူဦးရေးလဲများပြားထူထပ်ပါတယ်။ကျွန်တော်တို့နိုင်ငံလဲ စည်းရှိကမ်းရှိ အမှိုက်တွေ စွန့်ပစ်ဖို့တိုက်တွန်းလိုက်ပါတယ်။ 

Source :Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။