ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းသည် ယနေ့မနက်(7:30)အချိန်တွင် တောင်ကြီးမြို့မှရန်ကုန်မြို့သို့ အပြန် ညနေ(6:30)အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(16)မိုင်(6)ဖာလုံတွင် အသင်းသားများစီးနှင်းလိုက်ပါလာသောကားအရှေ့တွင် ယာဉ်ငယ်တစီးမှာ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။

ထိုကားငယ်မှ ဒဏ်ရာရရှိခဲ့သောမိသားစုဝင်များအား ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းမှ အုပ်ချုပ်မှု၊နည်းပြအဖွဲ့နှင့်ကစားသမားများမှကူညီကယ်ဆယ်၍ လှည်းကူးဆေးရုံသို့လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းတွေရဲ့ အခုလိုကူညီတတ်တဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ယူနေကြပါတယ်။ 

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်တစ်ပွဲဖြစ်သည့် ရှမ်းယူနိုက် တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ပွဲတွင် သုံးဂိုး နှစ်ဂိုးဖြင့်ဟံသာဝတီယူနိုက်တက်အသင်းရှုံံးနိမ့်ထားပါတယ်။ဟံသာဝတီယူနိုက်တက်အသင်းအဆင့်၅မှာရပ်တည်နေတာဖြစ်ပါတယ်။

source:ဟံသာဝတီယူနိုက်တက်အသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။