ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသလို မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို အများဆုံး ရရှိထားသူကတော့ မော်လ်ဒယ် သရုပ်ဆောင်မင်းသားချောလေး တိုင်ရွန်ပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင် ပီပြင်မှုတွေအပြင် ယောကျၤားပီသပြီး ဆွဲဆောင်မှုရှိတဲ့ အမိုက်စား Body နဲ့ ခပ်မိုက်မိုက် စတိုင်လ်လေးတွေကလည်း သူ့ရဲ့ ဆွဲဆောင်မှုလေးတွေပါပဲ..။

ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးကာ အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့ တိုင်ရွန်ကတော့ ဒီကနေ့မှာပဲ သူ့ရဲ့ အဖေနဲ့အမေကို ကွန်ဒိုတိုက်ခန်းဝယ်ပြီး Surprise လေး ပြုလုပ်ခဲ့ပါတယ်..။

ငယ်ငယ်က ဆိုးခဲ့ပြီး မိဘတွေဖြစ်ချင်တဲ့အရာတွေ မလုပ်ပေးနိုင်ခဲ့ပေမယ့် ကိုယ်ပိုင်အိမ်လေးတစ်လုံးကို လက်ဆောင်ပေးချင်တဲ့ သူ့ရဲ့ ငယ်အိပ်မက်လေးကို အကောင်အထည်ဖော်ကာ ဖြူစင်တဲ့ငွေတွေနဲ့ ကွန်ဒိုတိုက်ခန်းလက်ဆောင်ဝယ်ပေးနိုင်ခဲ့လို့ ပီတိလေးတွေနဲ့ ပျော်နေပါတယ်နော်..။

ကြည်နူးမှုလေးတွေနဲ့အတူ သူ့ရဲ့အပျော်လေးတွေကိုလည်း တိုင်ရွန်က ချစ်ပရိသတ်တွေကိုလည်း မျှဝေထားပါသေးတယ်နော်..။

"ဘဝမှာ အပျော်ဆုံးနေ့ ကျွန်တော် အိမ်မက်တွေ တကယ်ဖြစ်ခဲ့ပါပြီ ကျွန်တော် အဖေ နဲ့ အမေပေါ် ငယ်ကဆိုးခဲ့တယ် ပညာရေးဆုံးခမ်းမတိုင်ခဲ့ဘူး သူတို့ ဖြစ်စေချင်တဲ့အရာတွေမလုပ်ပေးနိုင်ခဲ့ဘူး ကျွန်တော့်မှာ ငယ်ကထည်းက အိမ်မက်လေးရှိတယ်ဗျ အဲ့ဒါက အဖေနဲ့ အမေကို အိမ်ပိုင်လေးတစ်လုံး လက်ဆောင် ပေးချင်တာဘဲဗျာ အရမ်းပင်ပန်းခဲ့ရတဲ့ အဖေနဲ့ အမေ ကိုသားဒီနေ့ သားဖြူစင်တဲငွေနဲ့ ကွန်ဒိုအိမ်လေးတစ်လုံးလက်ဆောင်ပေးနိုင်ခဲ့ပြီ ကားအသစ်ဝယ်မယ်ဆိုပြီး စုထားခဲ့တာလေးနဲ့ သူတို့ကို suprise လုပ်နိုင်ခဲ့တယ် ရန်ကုန်မှာ မရှိပေမယ့် သားအဝေးကနေလှမ်းကန်တော့ လိုက်ပါတယ် အဖေနဲ့အမေကျန်းမာပါစေ သားလိမ္မာတစ်ယောက်ဖြစ်ဖို့ အမြဲ ကြိုးစားနေထိုင်သွားပါ့မယ်.." ဆိုပြီး ကြည်နူးမှုလေးတွေနဲ့အတူ အပျော်လေးကို မျှဝေထားတာပါနော်..။

Photo - တိုင်ရွန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။