ချစ်ပရိသတ်ကြီးရေ လက်ရှိအနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ဂျူဂျူးသစ္စာကတော့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်မာရရှိထားတာဖြစ်ပါတယ်။အမြဲချစ်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ရယူထားသူလေးလည်းဖြစ်ပါတယ်။သူမရဲ့ အမိုက်စားပုံလေးတွေရယ် အပျော်ဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးတွေကို ဖေ့ဘွတ်အကောင့်မှာ မကြာခဏဖော်ပြလေ့ရှိရာ ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးကြတာကိုတွေ့ရပါတယ်။

ဂျူဂျူးကတော့ modelလောကမှာသာမက သီချင်းဆိုတဲ့နေရာမှာပါ အောင်မြင်မှုတွေရရှိနေတဲ့ အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။သူမရဲ့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာပုံရိပ်များကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း သူငယ်ချင်းအလန်းစားလေးတွေနဲ့ အတူ ကြည့်မိသူတိုင်းကြွေသွားရလောက်အောင်ချစ်စရာကောင်းလွန်းတဲ့ အမူရာလေးတွေနဲ့ ကပြထားတဲ့ အလန်းစား tik tok ဗီဒီယိုလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးတွေထဲမှာ ဂျူးတို့ သူငယ်ချင်းတွေ အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

ကိုရီးယားမင်းသမီးလေးလို ချောမောလှပပြီး ဖြူစင်တဲ့အပြုံးတွေ ပေါင်းစပ်ထားတဲ့ သူမရဲ့ပုံရိပ်လေးတွေက ဘာဘီမလေးတယောက်လိုလှပနေတာလည်းဖြစ်ပါတယ်။ကဲ....ချစ်ပရိသတ်ကြီးတွက် ဂျူဂျူးသစ္စာရဲ့ အမိုက်စား ဗီဒီယိုလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Jue Jue Thit Sar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။