Miss လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ခဲ့ပြီး International တန်းဝင်တဲ့ အရပ်၊အမောင်း၊ 4 skill ကအစ ပြောစရာမလိုတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ရွှေအိမ်စည်ကို အားလုံးပဲရင်းနှီးသားဖြစ်မှာပါ။ အိမ်စည်လေးဟာဆိုရင် စကားပြောပွင့်လင်းပြီး ရဲဝံ့စွာ နိုင်ငံတကာပြိုင်ပွဲတွေမှာပါ သွားရောက်ယှဉ်ပြိုင် အောင်မြင်မှုတွေ ဆွတ်ခူးခဲ့တာပါ။ မျိုးချစ်စိတ်ရှိသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ အတွက်ဂုဏ်ယူစရာ ကိစ္စတွေကို သူမတတ်စွမ်းသလောက် အနုပညာအလုပ်တွေနဲ့ အကျိုးပြုဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်မလို့လည်း သူမကို ဝန်းရံအားပေးချစ်ခင်သူတွေ တိုးပွားလာတာဖြစ်ပါတယ်။

ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုကြောင့် social media လောကမှာ အမျိုးသားပရိသတ် အများဆုံးပိုင်ဆိုင်ထားပြီး ပါးချိုင့်အပြုံးလေးတွေနဲ့ မြင်သူတကာကို ဆွဲဆောင်ညှို့ယူတာပါနော်။ ဖက်ရှင်အလန်းတွေကိုလည်းဝတ်ဆင်လျက်ရှိပြီး ခပ်ချေချေ အမူအရာလေးတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ပိုင်ဆိုင်လာတာပဲဖြစ်ပါတယ်။

ရွှေအိမ်စည်ဟာ ပရိသတ်ကြီးနဲ့ ရင်းနှီးမှုရရှိနေအောင် social media ကွန်ယက်များဖြစ်ကြတဲ့ facebook စာမျက်နှာနှင့်၊ Instagram တို့တွင် သူမရဲ့ လှုပ်ရှားမှု၊ ပုံရိပ်တွေကိုအမြဲဖော်ပြပေးတာကို ပရိသတ်ကြီးတွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်နော်။ ဒါကြောင့်မလို့ အိမ်စည်ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်လာကာ အားလုံးရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိလာတယ်လို့ ဆိုရင်လည်းမမှားပါဘူးနော်။မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ပွဲအခမ်းအနားတစ်ခုမှာဆိုရင်လဲ လွတ်လပ်ပေါ့ပါးတဲ့Designတဲ့ လူငယ်ဆန်ဆန်လေးသွားရောက်ခဲ့တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ထိုပွဲလေးမှာ မိတ်ဆွေတွေနဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေနဲ့အတူ ရွှေအိမ်စည်ရဲ့ လှပပေါ့ပါးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။