ပရိသတ်ကြီးရေ သရုပ်ဆောင်မော်ဒယ်ဘေဘီမောင်နဲ့အဆိုတော်သားဂန်းတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ကြည်နူးစရာကောင်းတဲ့စုံတွဲလေးပဲဖြစ်ပါတယ်။မနဲ့မောင် အတွဲလေးလည်းဖြစ်ပြီး နှစ်ယောက်လုံးကအနုပညာရှင်တွေဖြစ်ကြတာကြောင့် ရှေ့သွားနောက်လိုက်ညီကာ အရမ်းပဲလိုက်ဖက်ညီတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါနော်။

ဘေဘီမောင်က စိတ်ထားလေးနူးညံ့သိမ်မွေ့ပြီး အားနည်းသူကိုဖေးမကာ အကူအညီလိုအပ်သူတိုင်းကိုကူညီနေတဲ့ စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်တဲ့အပြင် သားဂန်းကလည်း ရိုးသားပြီးစိတ်ထားဖြူတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဘေဘီမောင်နဲ့သားဂန်းတို့စုံတွဲလေးက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သူတို့ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကလည်း အများအပြားပါပဲနော်။

ဘေဘီမောင်ကလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အသံအရမ်းကောင်းလို့ သားဂန်းနဲ့အတူတူ သီချင်းလေးတွေတွဲပြီး သီဆိုပါတယ်နော်။အခုဆိုရင်လည်း သားဂန်းနဲ့ဘေဘီမောင်တို့က မနောရဲ့"မြို့သားနဲ့တောသူ"ဆိုတဲ့သီချင်းလေးကို အသံကောင်းကောင်းနဲ့အတွဲညီညီသီဆိုနေကြတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့ရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။