ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုကတော့လက်ရှိအချိန်မှာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ်သတ်မှတ်ခံထားရတာပါ။သူကတော့ကစားခဲ့တဲ့အသင်းတိုင်းမှာဆုဖလားတွေ၊အကောင်းဆုံးကစားသမားဆုတံဆိပ်တွေနဲ့အောင်မြင်ကျော်ကြားနေတာပါ။တစ်ကမ္ဘာလုံးရဲ့ပရိသတ်တွေအားပေးမှုကိုအခိုင်အမာရထားတဲ့ကစားသမားပဲဖြစ်ပါတယ်။

သူကတော့လက်ရှိအချိန်မှာဘောလုံးလောကမှာအောင်မြင်နေရုံသာမကပျော်ရွှင်စရာမိသားစုဘဝကိုလည်းပိုင်ဆိုင်ထားတာပါ။သူတို့မိသားစုလေးကလည်း ပရိသတ်တွေအားကျလောက်အောင်ကိုအမြဲပျော်ရွှင်စရာတွေပိုင်ဆိုင်ထားတာပါ။သူရဲ့ချစ်သူနဲ့ကလေးတွေနဲ့အားပေးချစ်ခင်မှုကလည်း သူ့ကိုကွင်းအတွင်းမှာအောင်မြင်သူအဖြစ်ဖော်ဆောင်ပေးတာပါ။

သူကတော့ခုချိန်မှာလည်းဥရောပဘောလုံးပြိုင်ပွဲတွေမစခင်မှာမိသားစုနဲ့တူတူပျော်ရွှင်စရာအချိန်တွေဖြတ်သန်းနေတာပါ။ခုမှာလည်းသူတို့မိသားစုရဲ့ပုံရိပ်လေးတစ်ခုကပရိသတ်တွေချီးကျူးလေးစားခဲ့ရပါတယ်။မိသားစုနဲ့ညစာစားတဲ့အချိန်လေးမှာ ဗုဒ္ဓရုပ်ထုလေးကိုကြည်ညိုစွာရိုနေသေကြတဲ့ပုံရိပ်လေးကတစ်ကမ္ဘာလုံးကပရိသတ်တွေကိုလေးစားအားကျသွားစေတာပါ။ပရိသတ်တွေလည်းဘောလုံးလောကမှာအောင်မြင်ရုံသာမကဘာသာတရားပါကိုင်းရှိုင်းတက်တဲ့ဒိုလေးတို့မိသားစုရဲ့ပုံရိပ်လေးတစ်ခုကိုလည်းတက်ဆက်ပေးလိုက်ကပါတယ်။

Source:Cristiano Ronaldo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။