ဖုန်းသီရိကျော်ဟာ " ပြည့်စုံလွန်း " သီချင်းလေးရဲ့Cover Song Mtv လေးတွင် သရုပ်ဆောင်ရာမှ အွန်လိုင်းမီဒီယာထက်တွင် ပရိတ်သတ်တွေရဲ့ဝန်းရံခဲ့ကြသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ရန်ကုန်တက္ကသိုလ်တွင်ပညာသင်ကြားနေတဲ့ ဥပဒေကျောင်းသူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကေင်းတဲ့အပြုံးလေးနဲ့ကလေးဆန်လွန်းတဲ့အပြုအမူလေးတွေကြောင့်ပဲ ပရိတ်သတ်တွေပိုပြီးအချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။  

လက်ရှိမှာတော့ ကြော်ငြာတွေနဲ့ဓာတ်ပုံများ ရိုက်ကူးနေပြီး သရုပ်ဆောင်ဖို့ တော့အစီအစဉ်မရှိသေးဘူးလို့သိရပါတယ်။ အွန်လိုင်းမီဒီယာမှတစ်ဆင့် အနုပညာလမ်းကြောင်းကို လျှောက်လှမ်းလာတဲ့ သူမဟာ မော်ဒယ်ရှိုးများနဲ့ Wedding ရှိုးတွေပါ လျှောက်လှမ်းလာတာ တွေ့ရပါတယ်။ သူမဟာ ခရီးသွားရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး မကြာခဏဆိုသလိုပဲ ခရီးထွက်လေ့ရှိပါတယ်။ 

သူမရဲ့ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်တွင် တင်လေ့ရှိပြီး ယခုအခါမှာလည်း သူမရဲ့ကလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးတွေကိုလည်းပရိတ်သတ်ကြီးအတွက် ဝေမျှထားတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ဖုန်းသီရိကျော်ရဲ့ခရီးသွား ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Phone Thiri Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။