2008 Melody World ပြိုင်ပွဲမှ အသံအားကောင်းကောင်းနဲ့သီချင်းပေါင်းစုံကို ကိုယ်ပိုင်ဟန်နဲ့ သီဆိုဖျော်ဖြေခဲ့ပြီး ပရိသတ်တွေပါးစပ်ဖျားရေပန်းစားခဲ့တဲ့ ပြိုင်ပွဲဝင်အဖြစ်ကနေ ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်လာခဲ့တဲ့ နီနီခင်ဇော်ကို အားလုံးပဲသိကြမယ်ထင်ပါတယ်။သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့အပြုအမူ ရိုးသားပွင့်လင်းတဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်ကြီးအချစ်ပိုခဲ့ရတာပဲ ဖြစ်ပါတယ်နော်။

နီနီ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းလေးဟာလည်း ကြည့်ရှုသူပရိသတ်တွေကြား မှာ အတော် လေးကိုရေပန်းစားပြီး ခံစားချက်တွေနဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ သံစဉ်တိုင်းကို ခံစားချက် အပြည့်နဲ့ သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး သူမရဲ့တေးစီးရီးတိုင်းဟာလည်း အောင်မြင်ကျော်ကြား ခဲ့ပါတယ်။The Voice Myanmar မှာ ဒိုင်တစ်ဦးအဖြစ်နဲ့ ပါဝင်အကဲဖြတ်ပေးနေပြီး အရည်အချင်း ရှိသူ တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ နီနီခင်ဇော်ဟာဆိုရင် သူမချစ်တဲ့အနုပညာလမ်းကြောင်းမှာ အောင်မြင်စွာဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ထို့အပြင် ပရိသတ်တွေအတွက် အားဆေးလေးတစ်ခွက်အဖြစ်ပေးနိုင်တဲ့ ဆရာဝန်မလေးတစ်ဦးလဲ ဖြစ်ပါတယ်နော်။သီချင်းအသစ်အသစ်များစွာကို ပရိသတ်တွေဆီအရောက်ပို့ပေးနေတဲ့အပြင် သူမချစ်ရတဲ့ပရိသတ်ကြီးကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်နိုင်ရန်အတွက် သူမသိမြင်သမျှအတွေ့အကြုံလေးတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်နော်။သူမချစ်ရတဲ့ ပရိသတ်ကြီးအတွက် မေတ္တာအပြည့်နဲ့မျှဝေပေးထားတဲ့ ကျန်းမာရေးသတိပြုရန်မှာလိုက်တဲ့ နီနီ့ရဲ့စာသားလေးတွေကို Myanmarload ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Ni Ni Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။