ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေအပြင် သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောရတနာပဲ ဖြစ်ပါတယ်နော်။ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောရတနာကတော့ အိမ်ထောင်ပြုပြီး ရင်သွေးလေးတွေ မွေးဖွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေနည်းပါးသွားတာ တွေ့ရပါတယ်။

မိသားစုနဲ့အချိန်ပေးဖြစ်နေတဲ့ ချောရတနာဟာ အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် သူမတို့မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိတာကို တွေ့ရမှာပဲဖြစ်ပါတယ်။အေးချမ်းသာယာနေတဲ့ ချောရတနာတို့မိသားစုလေးဟာ အလှူအတန်းမှာလဲ ရက်ရောပြီး အလှူရေစက်လက်နဲ့မကွာ လှူဒါန်းကျတဲ့ မိသားစုလေးတစ်ခုလဲ ဖြစ်ပါတယ်။

ကုသိုလ်ရေးမှာ လက်မနှေးတဲ့ ချောရတနာနဲ့ဆုပမန်ထွာတို့ သူငယ်ချင်းတစ်စုဟာ သူမတို့ ယုံကြည်ကိုးကွယ်နေတဲ့ သစ်တံခါးဆရာတော်ကြီးကျောင်းမှာ အလှူဒါန ပြုလုပ်ခဲ့ကြပါတယ်။သစ်တံခါးဆရာတော်ကြီး အမှူးထား၍ဗောဓိညောင်(၁၀)ပင် အဓိဌာန် ဝင်ကြသူများစုပေါင်းလှူဒါန်း သော ရာဇမတ်ပလ္လင်အသစ်အလှူများ| ကြမ်းခင်းလမ်းအလှူများ| အမိုးအလှူများနှင့် စကျင်ကျောက်ဘုရားဆင်းတုတော်(၁၀)ဆူ | ဘုရားအနေကဇါတင် ရေစက်ချ တရားပွဲ မင်္ဂလာ အခမ်းအနားကိုစွယ်တော်မြတ်စေတီတော်ကြီးဗောဓိညောင်ပင်တောမှာ 15.7.2019 နေ့လည် (၃)နာရီတွင်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။မင်းသမီးချောရတနာနဲ့ သူငယ်ချင်းတစ်စုတို့ လှူဒါန်းကျတဲ့ အလှူဒါနလေးကို Myanmarload ချစ်ပရိသတ်များ သာဓုခေါ်ဆို မုဒိတာပွားနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

Photos-Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။