ပရိသတ်ကြီးရေ ဆယ်စုနှစ်တိုင်အောင် ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိထားသူကတော့ သရုပ်ဆောင် ရဲတိုက်ပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကိုအချိန်အတော်ကြာအနားယူခဲ့တာပဲ ဖြစ်ပြီး အခုခါမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

သူ့ရဲ့အနုပညာခြေလှမ်းတွေကိုပထမဦးဆုံးစတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ "ဒဏ္ဍာရီမိုး " ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးဟာ လတ်တလောမှာလည်း ရုပ်ရှင်ရုံများတွင်ပြသနေပြီပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာတော့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ ရဲတိုက်၊ ဒေါင်း၊ရွှေထူးနဲ့ဝတ်မှုန်ရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။

ဒီဇာတ်ကားကြီးထဲမှာ ရဲတိုက်ရဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက တစ်ခဲနက်အားပေးကြတာပါ။ အခုတစ်ခါမှာလည်း ဒီဇာတ်ကားကြီးမှာပါဝင်တဲ့ ကဗျာလေးကိုသူ့ရဲ့လက်ရေးလေးနဲ့ရေးသားထားတာလေးကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက် ဒီကဗျာလေးကိုဝေမျှပေးလိုက်ပါတယ်နော်။

Photo - Ye Deight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။